Who we are (Myanmar Version)

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ

ပြည်သူတို့ ယုံကြည်အပ်နှံလိုက်သော တာဝန်များကို ဦးလည်မသုန်ထမ်းဆောင်နိုင်ရေး၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထားသူများအားလုံး အမြန်ဆုံးနှင့် ချွင်းချက်မရှိ လွတ်မြောက်ရေး၊ ပြည်ထောင်စုလွှတ်တော်၏ ပုံမှန်လုပ်ငန်းများလုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သောကိစ္စရပ်များဆောင်ရွက်နိုင်ရန်အလို့ငှာ အောက်ပါပုဂ္ဂိုလ်များဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) ကိုဖွဲ့စည်းလိုက်သည်။

(၁) ဒေါ်ဖြူဖြူသင်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်)

(၂) ဦးရည်မွန်(ခ) ဦးတင်သစ်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပုဗ္ဗသီရိမဲဆန္ဒနယ်)

(၃) ဦးထွန်းမြင့်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟန်းမဲဆန္ဒနယ်)

(၄) ဦးနိုင်ထူးအောင်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ နွားထိုးကြီးမဲဆန္ဒနယ်)

(၅) ဒေါက်တာဝေဖြိုးအောင်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ သာကေတမဲဆန္ဒနယ်)

(၆) ဒေါ်ဇင်မာအောင်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရန်ကင်းမဲဆန္ဒနယ်)

(၇) ဦးလွင်ကိုလတ်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ သန်လျင်မဲဆန္ဒနယ်)

(၈) ဦးဥက္ကာမင်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မြိတ်မဲဆန္ဒနယ်)

(၉) ဦးဝင်းနိုင်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မိုးကောင်းမဲဆန္ဒနယ်)

(၁၀) ဦးနေမျိုး(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ညောင်ရွှေမဲဆန္ဒနယ်)

(၁၁) ဦးဇော်မင်းသိန်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လေးမျက်နှာမဲဆန္ဒနယ်)

(၁၂) ဦးမျိုးနိုင်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချမ်းအေးသာဇံမဲဆန္ဒနယ်)

(၁၃) ဦးဇေလတ်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၇) ပဲခူးတိုင်းဒေသကြီး)

(၁၄) ဒေါ်မြတ်သီတာထွန်း (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၈) မွန်ပြည်နယ်)

(၁၅) စောယှဖောင်အွာ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၄) ကရင်ပြည်နယ်)

(၁၆) ဦးရောဘတ်ညေးရယ် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၀) ကယားပြည်နယ်)

(၁၇) ဦးလမင်းထွန်း (ခ) အဖြိုး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တအောင်း(ပလောင်)အမျိုးသားပါတီ၊ နမ့်ဆန်မဲဆန္ဒနယ်)

(၁၈) ဦးအောင်ကြည်ညွန့် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၆) မကွေးတိုင်းဒေသကြီး)

(၁၉) ဦးလမာနော်အောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ အင်ဂျန်းယန်မဲဆန္ဒနယ်၊
ကချင်ပြည်နယ်)

(၂၀) ဦးစည်သူမောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပန်းဘဲတန်းမဲဆန္ဒနယ်၊ ရန်ကုန်တိုင်း)

ကမ္ဘာ့ကုလသမဂ္ဂ၊ International Parliamentary Union – IPU၊ ASEAN Inter-Parliamentary Organizaion – AIPA ၊ နိုင်ငံတကာပါလီမန်များနှင့် နိုင်ငံတကာသံတမန်များအနေဖြင့် ယခုဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကိုသာ တရားဝင်ဆက်သွယ်ရန် အသိပေးလိုက်သည်။

ဤကော်မတီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားထုတ်ပြန်ကြေညာချက် အမှတ် (၁/၂၀၂၁) ပါ တောင်းဆိုချက်များကို အကောင်ထည်ဖော်ရန်နှင့် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံသော ကော်မတီအဖြစ်ရပ်တည်မည်ဖြစ်ပြီး၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် အစိုးရဖွဲ့စည်းခြင်းအပါအဝင် ပြည်ထောင်စုလွှတ်တော်၏လုပ်ပိုင်ခွင့် အဝဝကို တာဝန်ခံဆောင်ရွက်သွားမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့

နိုင်ငံတော်အကြီးအကဲများ

  • သမ္မတကြီး – ဦးဝင်းမြင့်
  • နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် – ဒေါ်အောင်ဆန်းစုကြည်
  • ဒုတိယသမ္မတကြီး – ဒူဝါလရှီးလ
  • ပြည်ထောင်စုဝန်ကြီးချုပ် – မန်းဝင်းခိုင်သန်း

ပြည်ထောင်စုဝန်ကြီးများ

နိုင်ငံခြားရေးဝန်ကြီးဌာနဒေါ်ဇင်မာအောင်
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဦးလွင်ကိုလတ်
ကာကွယ်ရေးဝန်ကြီးဌာနဦးရည်မွန်
ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနဒေါက်တာလျန်မှုန်းဆာခေါင်း
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနဦးတင်ထွန်းနိုင်
လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနဒေါက်တာဝင်းမြတ်အေး
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဒေါက်တာဆာဆာ
ပညာရေးဝန်ကြီးဌာနဒေါက်တာဇော်ဝေစိုး
ကျန်းမာရေးဝန်ကြီးဌာနဒေါက်တာဇော်ဝေစိုး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဒေါက်တာတူးခေါင်
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနော်ဆူဇန်နာလှလှစိုး
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနဦးအောင်မျိုးမင်း
အလုပ်သမား၀န်ကြီးဌာနနိုင်သုဝဏ္ဏ