ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး
အစီအစဉ်
၈-၅-၂၀၂၃ ရက် (တနင်္လာနေ့)၊ နံနက် ၁၀:၀၀ နာရီ
၁။ ပြည်ထောင်စုလွှတ်တော် နာယက နေရာယူခြင်း။
၂။ ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် (၁) မိနစ် ငြိမ်သက်ခြင်း။
၄။ ပြည်ထောင်စုလွှတ်တော် နာယက က အဖွင့်အမှာစကားပြောကြားခြင်း။
၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က မိန့်ခွန်း ပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်း ပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၇။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၏ “အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်သောအရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း အရေးကြီးအဆို” တင်သွင်းခြင်း။
၈။ အရေးကြီးအဆိုအား အောက်ပါကိုယ်စားလှယ်များမှ ထောက်ခံဆွေးနွေးခြင်း –
(က) ဦးလမာနော်အောင် (အင်ဂျန်းယန်မဲဆန္ဒနယ်)
(ခ) ဦးရာလ်ပဲန်းထန် (မတူပီမဲဆန္ဒနယ်)
(ဂ) ဒေါ်နန်းသန်းသန်းလွင် (ဘားအံမဲဆန္ဒနယ်)
(ဃ) ဦးရောဘတ်ညေးရယ် (ကယား/ကရင်နီပြည်နယ် မဲဆန္ဒနယ်အမှတ် – ၁၀)
(င) ဒေါ်စီစီသက် (တနင်္သာရီမဲဆန္ဒနယ်)
(စ) ဦးဝင်းစွမ်း (တာချီလိတ်မဲဆန္ဒနယ်)
(ဆ) ဒေါ်နီနီဒွန်း (ပေါက်ခေါင်းမဲဆန္ဒနယ်)
(ဇ) ဦးနေထက်ဝင်း (ဆင်ပေါင်ဝဲမဲဆန္ဒနယ်)
(ဈ) ဦးစိုင်းပန်ဖ (ကယား/ကရင်နီပြည်နယ် မဲဆန္ဒနယ်အမှတ် – ၅)
၉။ အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက် ချမှတ် နိုင်ရေးအတွက် ဆုံးဖြတ်ချက်မူကြမ်းကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း။
၁၀။ ဆုံးဖြတ်ချက်မူကြမ်းအပေါ် လွှတ်တော်၏ သဘောထား ရယူခြင်းနှင့် အတည်ပြုကြောင်း ကြေညာခြင်း။
၁၁။ ပြည်ထောင်စုလွှတ်တော် နာယက က နိဂုံးချုပ်အမှာစကားပြောကြားခြင်း။
၁၂။ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ပြီးဆုံးကြောင်း ကြေညာခြင်း။


