Home / ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး ဒုတိယနေ့ အစီအစဉ်

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး ဒုတိယနေ့ အစီအစဉ်

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး

ဒုတိယနေ့ အစီအစဉ် 

-၁-၂၀၂၄ ရက် (သောကြာနေ့) နံနက် ၁၀:၀၀ နာရီ

၁။      ပြည်ထောင်စုလွှတ်တော် နာယက နေရာယူခြင်း။

၂။       ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး ဒုတိယနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။      အောက်ပါမေးခွန်းများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်း နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ဖြေကြားခြင်း-         

(က)   ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦး၏ ‘‘ရိုဟင်ဂျာများ အပါအဝင် ပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၊ အပြည်ပြည်ဆိုင်ရာ တရားရုံးတို့တွင် တရားစွဲဆို၍ အပြစ်ပေး အရေးယူနိုင်ရေး အတွက် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်သူ တို့၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများအား  မှတ်တမ်းကောက်ယူနေမှု အခြေနေများနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရာတွင် နစ်နာသူများနှင့် ၎င်းတို့၏မိသားစုဝင်များကို ပြန်လည်ကုစားမှုပေးနိုင်ရေး အတွက် လုပ်ငန်းစီမံချက်များချမှတ်၍ ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/ မရှိ နှင့် အစီအစဉ် ရှိပါက မည်ကဲ့သို့ ဆောင်ရွက်နေသည်တို့ကို သိလိုခြင်း’’ နှင့် စပ်လျဉ်းသည့်မေးခွန်း။

 ( ခ )   ရှမ်းပြည်နယ်၊ တာချီလိတ်မဲဆန္ဒနယ်မှ ဦးဝင်းစွမ်၏ ‘‘အသွင်ကူးပြောင်းရေး ကာလ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အစီအမံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်း ဆောင်ရွက်ရေးကော်မရှင်၏ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား သိရှိလိုခြင်း’’ နှင့် စပ်လျဉ်းသည့်မေးခွန်း။

 ( ဂ )   မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်သီရိရတနာ၏ ‘‘ဒေသန္တရပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှုလုပ်ငန်းများ တွင် CDM နိုင်ငံ့ဝန်ထမ်းများအား စုစည်း ချိတ်ဆက် ဆောင်ရွက်ပြီး တာဝန်များ ခွဲဝေချထားပေးနေမှု အခြေအနေ များကို ပြည်ထောင်စုအစိုးရအဖွဲ့မှ လွှတ်တော်သို့ ရှင်းလင်းတင်ပြပေးနိုင်ခြင်း ရှိ/ မရှိ’’ နှင့် စပ်လျဉ်းသည့်မေးခွန်း။

(ဃ)   စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမဲဆန္ဒနယ်မှ ဦးကျော်စွာဝင်း၏ ‘‘ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးကော်မတီတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ခရိုင်အတွင်းရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို နာယက အဖြစ် တာဝန်ပေးအပ်နိုင်မှု ရှိ/ မရှိ’’ နှင့် စပ်လျဉ်းသည့်မေးခွန်း။

 ( င )   ကရင်နီပြည်နယ်၊ ရှားတောမဲဆန္ဒနယ်မှ ဒေါ်မိုးမြာ၏ ‘‘အမျိုးသား ညီညွတ်ရေး အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း စစ်ဘေးရှောင်ပြည်သူ များအား ထောက်ပံ့နိုင်ခဲ့မှု အခြေအနေနှင့် တော်လှန်ရေးအရှိန် မြင့်တက်လာသည့် ၂၀၂၄ ခုနှစ်တွင် ပိုမိုများပြားလာနိုင်သည့် စစ်ရှောင်ပြည်သူများအတွက် ထိထိ ရောက်ရောက် ကူညီပေးအပ်ရေး မည်သို့ စီစဉ်ထားရှိသည်ကို သိရှိလိုခြင်း’’ နှင့် စပ်လျဉ်းသည့်မေးခွန်း။

၄။      ရှမ်းပြည်နယ်၊ နမ့်ဆန်မဲဆန္ဒနယ်မှ မိုင်းလမင်းထွန်း၏အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် ဆုံးဖြတ်ချက်မူကြမ်းကို ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာမေဝင်းမြင့် က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း။

၅။      ဆုံးဖြတ်ချက်မူကြမ်းအပေါ် လွှတ်တော်၏ သဘောထား ရယူခြင်းနှင့် အတည်ပြု ကြောင်း ကြေညာခြင်း။

၆။      ပြည်ထောင်စုလွှတ်တော် နာယက  က နိဂုံးချုပ် အမှာစကားပြောကြားခြင်း။

၇။      ပြည်ထောင်စုလွှတ်တော်  ဆဋ္ဌမအကြိမ် အစည်းအဝေး ဒုတိယနေ့ ပြီးဆုံးကြောင်းနှင့်  ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး ကြောင်း ကြေညာခြင်း။

Scroll to Top