ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး

ဒုတိယနေ့အစီအစဉ် (လျာထားချက်)

-၂၀၂၃ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀:၀၀ နာရီ

၁။       ပြည်ထောင်စုလွှတ်တော် နာယက နေရာယူခြင်း။

၂။       ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး ဒုတိယနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။       ပြည်သူ့ရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။

၄။       လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။

၅။       အောက်ပါမေးခွန်းများကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်း နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ဖြေကြားခြင်း-         

(က)    စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထန်ဆေး၏ NUG အနေဖြင့် လက်ရှိ EROs မည်သည့် အဖွဲ့များအား၊ မည့်သည့် အချက်အလက်များနှင့် သဘောတူညီချက် ခိုင်ခိုင်မာမာ ပြုလုပ်ထားပြီးပါသလဲနှင့် အခြားကျန်ရှိနေသော EROs များပါ ပူးပေါင်းပါဝင် လာရေးအတွက် ဆက်လက်ညှိနှိုင်းဆွေးနွေးရန် အစီအစဉ် ရှိ၊ မရှိ ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း။

 (ခ) ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်၏ နွေဦးတော်လှန်ရေးအပြီးတွင် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်ရန်အတွက် မြေပြန့်တောင်ပေါ်ဒေသမကျန် တိုင်းရင်းသားပြည်သူပေါင်းစုံလက်ခံနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို မည့်သို့သော အခြေခံမူများဖြင့်ရေးဆွဲပြဌာန်းသွားမည် ကို သိလိုခြင်း  နှင့်စပ်လျဥ်းသည့်မေးခွန်း။

(ဂ)     မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်း၏ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် နွေဦးတော်လှန်ရေး One Year Plan တွင် တိုင်းရင်းသား – တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း (Ethnic Revolution သဘောတူညီချက်များ ထားရှိ ဆောင်ရွက်လျက်ရှိကြောင်းတို့ကို Organizations)များနှင့် ပူးပေါင်းဆောင်ရွက် ခြင်း ရှိ၊ မရှိနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ရှိပါက မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (Ethnic Revolution Organizations) များနှင့် မည်သို့သော ကတိက၀တ်များ၊ သဘောတူညီချက်များ ထားရှိဆောင်ရွက်လျက် ရှိကြောင်းကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း။

(ဃ)    မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဦး၏ “အမေရိကန် ပြည်ထောင်စုမှ အတည်ပြုထားသော NDAA အပါအဝင် နိုင်ငံတကာမှရရှိသော လူသားချင်းစာနာထောက်ထားသည့် အကူအညီများသည် မြန်မာနိုင်ငံအတွင်းပိုင်း (အထူးသဖြင့် မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီး)သို့ ထိထိရောက်ရောက်ကူညီပံ့ပိုးနိုင်မှု ရှိ၊  မရှိ သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း။

(င)     ကယားပြည်နယ်၊ ဒီမော့ဆိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘယ်ညာမီးနို၏

(၁)     နွေဦးတော်လှန်ရေးအပြီး ပြန်လည်ဖွဲ့စည်းမည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကြီး၏ ဖွဲ့စည်းပုံအခြေခံမူများ ရေးဆွဲထားခြင်း ရှိ၊ မရှိ၊ ရေးဆွဲ ထားခြင်းရှိပါက ပြည်သူများသို့ ချပြရန် အစီအစဉ်ရှိ၊ မရှိ။

(၂)      နွေဦးတော်လှန်ရေးအလွန် ပြန်လည်ဖွဲ့စည်းမည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တွင် မိမိဆန္ဒအရ ဆက်လက်၍ စစ်မှုမထမ်းလိုတော့သည့် တော်လှန်ရေးရဲဘော်များ၊ PDF များအား အရပ်သားဘဝဖြင့် လူမှုဘဝ ရပ်တည်နိုင်ရေး အတွက်ပံ့ပိုးရန် အစီအစဉ် ရှိ၊ မရှိ။

(၃)     နွေဦးတော်လှန်ရေးတွင် ကိုယ်အင်္ဂါအစိတ်အပိုင်း ပေးလှူခဲ့ရ၍ မသန်စွမ်း ဘဝ၊ ဒုက္ခိတဘဝ ရောက်သွားခဲ့ရသည့် PDF ရဲဘော်များနှင့် အခြား တော်လှန်ရေးအင်အားစုများမှ တိုက်ပွဲဝင်ရဲဘော်များ၏ လူမှုဘဝ ရပ်တည် နိုင်ရေးအတွက် ပံ့ပိုးပေးမည့်အစီအစဉ်များ။

(၄)     နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းတို့၏ ကျန်ရစ်သူ မိသားစုဝင်များအား ထောက်ပံ့ပေးမည့် အစီအစဉ်များနှင့်

(၅)     စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမုန်းရေးအတွက် နွေဦးတော်လှန်ရေး တွင် လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြသော PDF များ၊ အခြားတော်လှန်ရေး အင်အားစုများ၊ EROs များမှ ရဲဘော်များအား သမိုင်းဝင်မော်ကွန်းတင်မည့် ဘွဲ့ထူး၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်ပေးရန်အစီအစဉ် ရှိ၊  မရှိ တို့ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

၆။       ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး ဒုတိယနေ့ ပြီးဆုံးကြောင်းနှင့် တတိယနေ့ ကျင်းပမည့် နေ့ရက်နှင့် အချိန်အား ကြေညာခြင်း။

Scroll to Top