ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး
ပထမနေ့အစီအစဉ်
၃၁-၁-၂၀၂၃ ရက် (အင်္ဂါနေ့) ၊ နံနက် ၁၀:၀၀ နာရီ
၁။ ပြည်ထောင်စုလွှတ်တော် နာယက နေရာယူခြင်း။
၂။ ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး အထမြောက်ကြောင်း နှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး ခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် (၁) မိနစ်ငြိမ်သက်ခြင်း။
၄။ ပြည်ထောင်စုလွှတ်တော် နာယက က အဖွင့်အမှာစကားပြောကြားခြင်း။
၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က မိန့်ခွန်း ပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်း ပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၇။ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ဥက္ကဋ္ဌ Hon. Mr. Duarte Pacheco မှ ပေးပို့သော အမှတ်တရအမှာစကား ဗီဒီယိုအား ပြသခြင်းနှင့်လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၈။ ဥရောပပါလီမန် ဒုတိယ ဥက္ကဋ္ဌ Hon. Ms. Heidi Hautala က အမှာစကား ပြောကြား ခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၉။ လူ့အခွင့်အရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့ ASEAN Parliamentarians for Human Rights (APHR)မှ ဥက္ကဋ္ဌ Mr. Charles Santiago က အမှာစကား ပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၁၀။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ အား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၁၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နိုင်ငံတကာလွှတ်တော် အသိုက် အဝန်းနှင့် ဆက်ဆံရေးခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်ချက်များနှင့် တိုးတက် ဖြစ်ထွန်းမှုများဆိုင်ရာ အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၁၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များဆိုင်ရာ အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၁၃။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက် [ Resolution 2669 (2022) ] အား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်သို့ မှတ်တမ်း တင်နိုင်ရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၁၄။ အောက်ပါမေးခွန်းများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်း နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ဖြေကြားခြင်း-
(က) ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလားလ်မင်းထန်၏ “နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်ရှိ နိုင်ငံတကာနှင့် သံတမန်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဥ် များအား သိလိုခြင်း” နှင့် စပ်လျဥ်း သည့် မေးခွန်း၊
( ခ ) ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူလွင်၏ “လူ့အခွင့်အရေးဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ထိခိုက်နစ်နာမှုများ ခံစား နေကြရသည့် ပြည်သူများအတွက် အမှန်တရားနှင့်တရားမျှတမှု ဖော်ဆောင် နိုင်ရေးအတွက် ပြည်တွင်းနှင့် နိုင်ငံတကာတွင် ဆောင်ရွက်နေသည်များကို သိလိုခြင်း” နှင့် စပ်လျဥ်းသည့် မေးခွန်း၊
( ဂ ) မွန်ပြည်နယ်၊ ချောင်းဆုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိချိုသဲ၏ “စစ်ဘေးရှောင် ပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး များနှင့် ကလေးသူငယ်များ၏ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် ဘေးကင်း လုံခြုံရေးတို့အတွက် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များကို သိလိုခြင်း” နှင့်စပ်လျဥ်းသည့် မေးခွန်း။
၁၅။ အစည်းအဝေးပြီးဆုံးကြောင်း ကြေညာခြင်းနှင့် ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်အဝေး ဒုတိယနေ့ ကျင်းပမည့် နေ့ရက်နှင့် အချိန်အား ကြေညာခြင်း။