ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး
ဒုတိယနေ့ အစီအစဉ်
၆-၂-၂၀၂၅ ရက် (ကြာသပတေးနေ့) ၊ နံနက် ၁၀:၀၀ နာရီ
၁။ ပြည်ထောင်စုလွှတ်တော် နာယက နေရာယူခြင်း။
၂။ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး ဒုတိယနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းသည့်အဆိုနှင့်စပ်လျဉ်း၍ အောက်ပါကိုယ်စားလှယ်များက ဆွေးနွေးခြင်း-
- (က) ဦးသန်းလင်းလင်း၊ မယ်စဲ့မဲဆန္ဒနယ်၊ ကရင်နီပြည်နယ်
- ( ခ ) ဒေါ်စီစီသက်၊ တနင်္သာရီမဲဆန္ဒနယ်၊ တနင်္သာရီတိုင်းဒေသကြီး
- (ဂ) ဦးနေကျော်၊ မဲဆန္ဒနယ်အမှတ်(၆)၊ ရန်ကုန်တိုင်းဒေသကြီး
၄။ အဆိုနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း နှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
၅။အောက်ပါမေးခွန်းများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်း နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ဖြေကြားခြင်း-
- (က) မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၉) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်း၏ ‘‘ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများသို့ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများ ခွဲဝေချထားပေးရာတွင် ဘဏ္ဍာရေးနှစ် (၃) နှစ်ပေါင်း ရန်ပုံငွေစုစုပေါင်း မည်မျှရှိခဲ့သည်ကိုလည်းကောင်း၊ ရသုံးငွေစာရင်း များကို စနစ်တကျ ပြုစုထားရှိခြင်း ရှိ၊ မရှိနှင့် ထိုငွေစာရင်းများကို မည်သည့် အဖွဲ့အစည်းသို့ မည်သည့် အချိန်တင်ပြခဲ့သည်ကိုလည်းကောင်း၊ ပိုလျှံရန်ပုံငွေ များကို MOPFI သို့ ပြန်လည် အပ်နှံခြင်း ရှိ၊ မရှိ’’ နှင့် စပ်လျဉ်းသည့်မေးခွန်း။
- ( ခ ) ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းထွေး၏ ‘‘နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် လူငယ်များအတွက် တော်လှန်ရေးကာလအလွန် အနာဂတ်ဘဝအာမခံချက် ရရှိ နိုင်ရေး အစီအမံတစ်ရပ် ချမှတ်ရေးဆွဲထားခြင်း ရှိ၊ မရှိ’’ နှင့် စပ်လျဉ်းသည့် မေးခွန်း။
- (ဂ) ရှမ်းပြည်နယ်(အရှေ့)၊ တာချီလိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ်၏ ‘‘လက်ရှိ တော်လှန်ရေးကာလအတွင်း အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် ဖက်ဒရယ်အခြေခံမူများကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ဖက်ဒရယ်ယူနစ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ သဘောတူညီချက်များရှိပါသလားနှင့် လက်ရှိနိုင်ငံရေး အခြေအနေသည် အရှိန်အဟုန်နှင့်အမျှ ရွေ့လျားပြောင်းလဲလျက်ရှိနေသည့် အတွက် အသွင်ကူးပြောင်းရေးကာလကို အချိန်မရွေးရောက်ရှိသွားနိုင်သော ကြောင့် ပြည်သူများနှင့်နိုင်ငံတကာမှ အထူးမျှော်လင့်နေသည့် အသွင်ကူးပြောင်း ရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် မည်သို့မည်ပုံ ပြင်ဆင်ဆောင်ရွက် ထားရှိသည်ကို သိရှိလိုသည်’’နှင့် စပ်လျဉ်းသည့် မေးခွန်း။
- (ဃ) ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၏ ‘‘အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီး ဌာနများတွင် တာဝန်ပေးခန့်အပ်ထားသော တာဝန်ရှိသူ အဆင့်ဆင့်များအား မည်ကဲ့သို့ တာဝန်ယူတာဝန်ခံမှုများဖြင့် ခန့်အပ်တာဝန် ပေးအပ်ထားသည်ကို သိရှိလိုသည်’’ နှင့် စပ်လျဉ်းသည့်မေးခွန်း။
၆။ ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်မူကြမ်းအား လွှတ်တော်သို့ ဖတ်ကြား တင်သွင်းခြင်း။
၇။ ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်မူကြမ်းအပေါ် လွှတ်တော်၏ သဘောထား ရယူခြင်းနှင့် အတည်ပြုကြောင်း ကြေညာခြင်း။
၈။ ပြည်ထောင်စုလွှတ်တော် နာယက က နိဂုံးချုပ် အမှာစကားပြောကြားခြင်း။
၉။ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး ဒုတိယနေ့ ပြီးဆုံးကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး ကြောင်း ကြေညာခြင်း။


