ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး
ပထမနေ့ အစီအစဉ်
၅-၂-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) ၊ နံနက် ၁၀:၀၀ နာရီ
၁။ ပြည်ထောင်စုလွှတ်တော် နာယက နေရာယူခြင်း။
၂။ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး ပထမနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး ခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် (၁၀) စက္ကန့် ငြိမ်သက်ခြင်း။
၄။ ပြည်ထောင်စုလွှတ်တော် နာယက က အဖွင့်အမှာစကား ပြောကြားခြင်း။
၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က မိန့်ခွန်း ပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က မိန့်ခွန်း ပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၇။ လူ့အခွင့်အရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့ ASEAN Parliamentarians for Human Rights (APHR) ဥက္ကဋ္ဌ Hon. Madam Mercy Chriesty Barends က အမှာစကားပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၈။ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Chungong က ပေးပို့လာသော အမှတ်တရအမှာစကားဗီဒီယို အား ပြသခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၉။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ အား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၁၀။ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဖြစ်ပေါ်တိုးတက်မှု နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များဆိုင်ရာ အစီရင်ခံစာအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၁၁။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ချင်းညီနောင်၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့၏ ပူးတွဲထုတ်ပြန်ကြေညာချက် အား ဖတ်ကြားတင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၁၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းမည့် “အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲဖြစ်သည့်အပြင် လက်ရှိနိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလား တောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေး အတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရှင်းလင်းစွာသိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ် အား ဖြေရှင်းနိုင်ရန် သံတမန်နည်းအရ ချဉ်းကပ်ဆောင်ရွက်သွားနိုင်ရေး အမျိုးသား ညီညွတ်ရေးအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခြင်းနှင့် အဆိုအား လက်ခံဆွေးနွေးရန် သင့်မသင့် လွှတ်တော်၏ သဘောထားရယူခြင်း။
၁၃။ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေး ပထမနေ့ ပြီးဆုံးကြောင်း ကြေညာခြင်းနှင့် ဒုတိယနေ့ ကျင်းပမည့် နေ့ရက်နှင့်အချိန်အား ကြေညာခြင်း။


