
လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် နေ့၊ နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။ အစည်းအဝေး၌

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ရေးရာကော်မတီ(၄)ရပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်၊ ကြာသပတေးနေ့ (၁၃:၃၀) နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ပညာရေးကော်မတီတို့မှ အဖွဲ့ဝင်များသည် နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် ရဲဘော်များနှင့် စစ်ရှောင်လူငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ

နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် ရဲဘော်များနှင့် စစ်ရှောင် လူငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ ပညာရပ်များ သင်ကြားနိုင်ရေးနှင့်စပ်လျဥ်း၍ ရေးရာကော်မတီ (၄) ရပ် တွေ့ဆုံဆွေးနွေး
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ ကြာသပတေးနေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီက ဦးဆောင်၍ ပြည်သူ့ရေးရာကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ပညာရေးကော်မတီတို့သည် နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် ရဲဘော်များနှင့် စစ်ရှောင်လူငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးသာမက အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားနိုင်ရေးအတွက်

Local PDF အဖွဲ့များနှင့်စပ်လျဉ်းသည့်ဆွေးနွေးမှုများ တွေ့ဆုံပြုလုပ်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊ ညနေ ၃ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ကော်မတီဝင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် နွေဦးတော်လှန်ရေးကာလအတွင်း ဖွဲ့စည်းဆောင်ရွက်လာကြသော Local PDF အဖွဲ့များနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းက

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၊ ၀၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ လွှတ်တော်ကိုယ်စားလှယ်များက စစ်ကိုင်းတိုင်းဒေသကြီးရှိ မြေပြင်အခြေအနေတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဆောင်ရွက်နေသော

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအား ရင်ဆိုင်ကြုံတွေ့ရပါက ဆောင်ရွက်သင့်သည့် အချက်အလက်များနှင့်စပ်လျဥ်း၍ ဆွေးနွေးမျှဝေပို့ချသော လေကြောင်းရန်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းသင်တန်းတစ်ခု စီစဥ်ပြုလုပ်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့်အတူ ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များအား ရင်ဆိုင်ကြုံတွေ့ရပါက ကြိုတင်ကာကွယ်နိုင်စေရန်နှင့် လုပ်ဆောင်သင့်သည့်အချက်အလက်များအား လွှတ်တော်ကိုယ်စားလှယ်များအတွက် ဆွေးနွေးမျှဝေပို့ချသည့် လေကြောင်းရန်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းသင်တန်းအား စီစဥ်ဆောင်ရွက်ပေးခဲ့သည်။ ဆွေးနွေးပို့ချမှုတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လက်နက်ကြီးဖြင့် ပစ်ခတ်ခံရနိုင်သည့်ဒေသများရှိ
