Home / ထိရောက်စွာ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း ကြေညာခြင်း

ထိရောက်စွာ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း ကြေညာခြင်း

class=wp-image-1204/

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အမိန့်ကြေညာစာအမှတ် (၁/၂၀၂၁)
၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်)

ထိရောက်စွာ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း ကြေညာခြင်း

၁။ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများကို အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု လက်ပါးစေများက (၂၂-၃-၂၀၂၁) ရက်နေ့တွင် ရုံးများ၊ ကျောင်းများပြန်တက်ကြရန် ထုတ်ပြန်သော ညွှန်ကြား ချက်များသည် ပြည်သူ့အစိုးရအဖွဲ့က အတည်ပြု ထုတ်ပြန်သော ညွှန်ကြားချက်များမဟုတ်၍ တရားဝင်မှုမရှိ ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

၂။ ထိုတရားမဝင်သော ညွှန်ကြားချက်များအား ထုတ်ပြန်သူများ၊ အကောင်အထည် ဖော်ဆောင်ရွက်သူများကို နိုင်ငံတော်ပုန်ကန်မှုတွင် ပူပေါင်းကြံစည်သူများအဖြစ် တရားဥပဒေကြောင်းအရ ပြင်းထန်စွာအပြစ်ပေး အရေးယူ သွားမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။

(ပုံ) ဒေါက်တာဇော်ဝေစိုး
ခေတ္တပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန

Scroll to Top