Home / လုံခြုံရေးကောင်စီကနေ အရေးယူဖို့ အထူးကိုယ်စားလှယ် တောင်းဆိုပြီ

လုံခြုံရေးကောင်စီကနေ အရေးယူဖို့ အထူးကိုယ်စားလှယ် တောင်းဆိုပြီ

class=wp-image-381/

“လုံခြုံရေးကောင်စီကနေ အရေးယူဖို့ အထူးကိုယ်စားလှယ် တောင်းဆိုပြီ”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အန်ဒရူးက ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်ကို စီးပွါးရေးပိတ်ဆို့မှုနဲ့ လက်နက်ပိတ်ဆို့မှုတွေနဲ့ အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါဟာ ကုလ လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်ထွက်လာပြီးပြီးချင်းမှာပဲ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။နိုင်ငံတော်ကို လက်နက်နဲ့ပုန်ကန်ပြီး အာဏာကိုအဓမ္မရယူသိမ်းပိုက်ထားတဲ့ မြန်မာစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်မှုတွေလုပ်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုကလည်း ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ အလားတူ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒသဘောထားထုတ်ဖော်နေတဲ့အရပ်သားတွေကို ကျည်အစစ်နဲ့ပစ်ခတ်သတ်ဖြတ်တာ၊ ညအချိန်မတော် အရပ်သားတွေကို ဝင်ရောက်စီးနင်းဖမ်းဆီးတာတွေကို ဥပဒေမဲ့လုပ်ဆောင်နေတဲ့ အချက်အလက်အထောက်အထား ခိုင်မာစွာရှိနေတယ်လို့ အထူးကိုယ်စားလှယ်က ဆိုပါတယ်။“လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ပိတ်ဆို့အရေးယူမ၊ လက်နက်ပိတ်ပင်မှု၊ ခရီးသွားလာမှုပိတ်ပင်တာနဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး (အိုင်စီစီ)မှာဖြစ်စေ ခုံရုံးဖွဲ့ပြီးဖြစ်စေ တရားရေးအရ အရေးယူနိုင်ဖို့ ဖြစ်ပါတယ်။ ရွေးချယ်စရာနည်းလမ်းတွေအားလုံးက အကုန်ရှိနေပါတယ်” လို့ အထူးကိုယ်စားလှယ် အန်ဒရူးက လူ့အခွင့်အရေးကောင်စီမှာ တင်းတင်းမာမာ ပြောခဲ့ပါတယ်။တရုတ်နဲ့ရုရှအပါအဝင် နိုင်ငံ ၅ခုက လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်မှာ သူတို့ရဲ့သဘောထားတွေကို သီးခြားဖော်ပြပေးဖို့ကို လိုက်လျောပြီး အဖွဲ့ဝင် ၄၇နိုင်ငံစလုံးက တညီတညွတ်တည်း အတည်ပြုလိုက်တာဖြစ်ပါတယ်။ “ဒီဆုံးဖြတ်ချက်က မြန်မာပြည်သူတွေအတွက် အင်မတန်အားရှိစေတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ သူတို့ရဲ့လူ့အခွင့်အရေးကို ကာကွယ်ဖို့က ကျမတို့အတွက် အရေးကြီးပါတယ်”လို့ အီးယူကိုယ်စား ဆုံးဖြတ်ချက်မူကြမ်းတင်သွင်းတဲ့ သြစတီးယားက သံအမတ်ကြီးကဆိုပါတယ်။

Scroll to Top