CDMမှာ ဝန်ထမ်းများပိုမိုပူးပေါင်းပါဝင်ကြပါရန် ပန်ကြားအပ်ပါသည်။အနုပညာရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ အရပ်ဖက်အဖွဲ့အစည်းများက CDM ဝန်ထမ်းများကို ထောက်ပံဖို့ ဆောင်ရွက်ထားပါပြီ။
စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှုရဲ့ အရေးအကြီးဆုံးသော သီတင်းပတ် မနက်ဖြန် ဖေဖော်ဝါရီ ၁၅ရက်မှာ စတင်မှာဖြစ်တာမို့ နိုင်ငံ့ဝန်ထမ်းတွေအားလုံး ရုံးမတက်ဘဲ ရုန်းထွက်ကြဖို့ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်၊ မျိုးသန္တာထွန်း၊ ပိုင်ဖြိုးသု၊ ပြေတီဦး၊ ဏကြီး၊ မေတိုးခိုင်၊ ခါရာ၊ အောင်ရဲထိုက်တို့က ရန်ကုန်မြို့လည်က ဆက်သွယ်ရေးနဲ့ကြေးနန်း၊ ဆရာဝန်၊ သူနာပြု၊ ထွေအုပ်၊ စည်ပင်ဌာနတွေက ဝန်ထမ်းအိမ်ရာတွေကို ကိုယ်တိုင်သွားရောက် မေတ္တာရပ်ခံ တိုက်တွန်းနေကြပါသည်။
အရပ်ဖက်အဖွဲ့အစည်းများနှင့်ရွေးကောက်ခံလွှတ်တော်အမတ်တွေကလည်း ဝန်ထမ်းတွေ CDM မှာပူးပေါင်းပြီး ရုံးမတက်ကြဖို့၊ ဖိအားပေးခြိမ်းခြောက်မှုတွေရှိလျင်လည်း CDM ဝန်ထမ်းများကို အစစကူညီကြဖို့ ပြင်ဆင်ဆောင်ရွက်ထားပါသည်။




