Home / (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိ

(၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိ

ဘာရိန်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် ညီလာခံအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်နေသည့်အပြင် နိုင်ငံတကာပါလီမန်များအဖွဲ့ ဥက္ကဋ္ဌ Hon. Mr. Duarte Pacheco အပါအဝင် ညီလာခံသို့ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း သီးခြားတွေ့ဆုံ၍ မြန်မာ့အရေးကိစ္စများအပေါ် ဆွေးနွေးခဲ့သည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးသည် ယနေ့တွင် ညီလာခံ၏ General Debate ၌ မြန်မာ့အရေးအခြေအနေများကို တက်ရောက်ရှင်းလင်းပြောကြားပြီး နိုင်ငံတကာလွှတ်တော်များသို့ မြန်မာ့အရေးအပေါ် ပံ့ပိုးကူညီပေးရန် တိုက်တွန်းတောင်းဆိုခဲ့သည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့အထိ ကျင်းပမည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဆက်လက်ပါဝင်တက်ရောက်သွားမည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်နှင့် အကြံပေးအဖွဲ့ဝင်တစ်ဦးတို့ ပါဝင်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top