Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်၊ ဖားကန့်မြို့နယ်တို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်၊ ဖားကန့်မြို့နယ်တို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူ့ရေးရာကော်မတီသည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်မှ အဖွဲ့ဝင်များနှင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက် (အင်္ဂါနေ့)၊ ၁၂:၃၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ ရှေးဦးစွာ ပြည်သူ့ရေးရာကော်မတီဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည်က အဖွင့်အမှာ စကားပြောကြား ရာတွင် “ယခုလိုတွေ့ဆုံမှုများမှတစ်ဆင့် အချင်းချင်းအားယူပြီး လက်တွေ့လုပ်ဆောင်မှုများဖြင့် အတူပူးပေါင်းချီတက်ကြရန်နှင့် ဆွေးနွေးချက်များအပေါ်မူတည်၍ လွှတ်တော်ရေးရာကော်မတီအနေဖြင့် လိုအပ်မည့်နေရာများကို ဆက်လက်ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြား၍ ပြည်သူ့ရေးရာကော်မတီ အတွင်းရေးမှူးက ပြည်သူ့ရေးရာကော်မတီ၏ ရည်ရွယ်ချက်၊ ဖွဲ့စည်းထားရှိမှုများ၊ လုပ်ငန်းဆောင်ရွက်ချက်များဖြစ်သော CDM ထောက်ပံ့မှုနှင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ရန်ပုံငွေရှာဖွေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက် ဥက္ကဋ္ဌက ကွန်ရက်၏ ဖွဲ့စည်းပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စံတန်ဖိုး၊ မူဝါဒများ၊ ဘဏ္ဍာရေးဆိုင်ရာမူဝါဒ၊ ရန်ပုံငွေရှာဖွေခြင်းနှင့် ရန်ပုံငွေ သုံးစွဲခြင်းအခြေအနေများနှင့် ကွန်ရက်ကို လူထုကိုယ်စားလှယ်အစုအဖွဲ့ (၆) ခုဖြင့် ဖွဲ့စည်းထားရှိပြီး တော်လှန်ရေးကဏ္ဍအသီးသီး၏ လိုအပ်ချက်များအား တတ်စွမ်းသမျှ ပံ့ပိုးကူညီဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက မြေပြင်အခြေအနေအများနှင့်စပ်လျဉ်း၍ ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ကဏ္ဍများနှင့် ချိတ်ဆက် ဆောင်ရွက်ရန် နည်းလမ်းများအား အပြန်အလှန်ဆွေးနွေး ဖော်ဆောင်ခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်၊ ဖားကန့်မြို့နယ်မှ ကွန်ရက် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သပိတ်အဖွဲ့ဝင်များ၊ CDM ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top