Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေး

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် တွေ့ဆုံဆွေးနွေးပွဲကို Zoom Platform မှတစ်ဆင့် အစီအစဉ် (၉) ရပ်ဖြင့် ကျင်းပခဲ့ရာ နံနက် ၁၁:၄၀ နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ မ‌ကွေးဖက်ဒရယ်ယူနစ်လွှတ်‌တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အပါအဝင် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားများကို အသီးသီးပြောကြားခဲ့ကြပါသည်။

ထို့နောက် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များက မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး သိလိုသည်များကိုလည်း မေးမြန်းဆွေးနွေးပါသည်။ အပြန်အလှန်ဆွေး‌‌နွေးခြင်း၊ အကြံဉာဏ်များရယူကာ ‌ရှေ့လုပ်ငန်းစဉ်များအဖြစ် ကော်မတီအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ချိတ်ဆက်ခြင်း၊ စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဆက်လက်လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အတွင်းရေးမှူးက နိဂုံးချုပ်စကားနှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်နိဂုံးချုပ်စကားများ အသီးသီးပြောကြားကာ ဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top