၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက် ၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ မန္တလေးဒေသလွှတ်တော်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေးပွဲကို Zoom Platform မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားနှင့် ဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌများက နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြသည်။
ထို့နောက် ဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကို တင်ပြဆွေးနွေးခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းအပါအဝင် အကြံဉာဏ်များရယူကာ ရှေ့လုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းဆောင်ရွက်သွားရန်နှင့် စဉ်ဆက်မပြတ် တွေ့ဆုံသွားကြရန် တိုက်တွန်းခဲ့ကြပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားကာ တွေ့ဆုံဆွေးနွေးပွဲကို နေ့လယ် ၁၂:၁၅ နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ မန္တလေးဒေသလွှတ်တော်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ



