Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၇/၂၀၂၆) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့် က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန် က ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် Online ကျောင်းများ၊ မြေပြင်ပြည်သူ့အခြေပြုစာသင်ကျောင်းများနှင့် NUG MoE မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသော နယ်စပ်ဒေသရှိကျောင်းများ၏ နောက်ဆုံး ဆောင်ရွက်ထားရှိမှုများ၊ အဆင့်မြင့်ပညာဌာနတွင် တက္ကသိုလ်ဝင်ခွင့်ကိစ္စရပ်များ၊ စီမံခန့်ခွဲမှုကိစ္စရပ်များနှင့် သင်ရိုးညွှန်းတမ်းကိစ္စရပ်များ၊ ဆရာအတတ်သင်ပညာကဏ္ဍတွင် Spring Normal University (SNU) and University of Teaching (UoT) တည်ထောင်၍ ဆောင်ရွက်ထားရှိမှုများ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနအနေဖြင့် Spring Success Conference III အတွက် ပြင်ဆင်နေမှုများ၊ ဆောင်ရွက်လျက်ရှိသည့် သုတေသန ပြန့်ပွားရေးလုပ်ငန်းများ၊ စီဒီအမ်ရေးရာဌာန (CDM Affairs) ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ထောက်ပံ့မှု ကိစ္စရပ်များ၊ ပြန်ကြားရေးဌာနအနေဖြင့် ဆောင်ရွက်နေသည့် မြန်မာ့ပညာရေးစနစ်(MES) အဆင့်မြှင့်တင်မှု၊ ပြန်ကြားရေးနှင့် သတိပေးချက်များ(PR)၊ ဘဏ္ဍာရေးဆိုင်ရာ သုံးစွဲမှုနှင့် ခွဲဝေမှုမှတ်တမ်းကိစ္စရပ်များ၊ နိုင်ငံတကာရေးရာဌာနအနေဖြင့် ရင်ဆိုင်နေရသော အခက်အခဲများ၊ နိုင်ငံတကာချိတ်ဆက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top