Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ ဆွေးနွေးမေးမြန်းနိုင်ရန် ဝန်ကြီးဌာနအား ဖိတ်ကြား၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နေ့၊ ညနေ(၁၉:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။

ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဝန်ကြီးဌာန၏ တစ်နှစ်တာမဟာဗျူဟာ ချမှတ်လုပ်ဆောင်နိုင်မှုအခြေအနေများနှင့်စပ်လျဥ်း၍ တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ CDM ထောက်ပံ့နိုင်မှုကဏ္ဍ၊ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ၊ ကြားကာလအုပ်ချုပ်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့်အတူ တွေ့ကြုံရသည့် စိန်ခေါ်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။

၎င်းနောက် တက်ရောက်လာကြသည့်အဖွဲ့ဝင်များက ပြည်သူ့အုပ်ချုပ်ရေးကိစ္စရပ်များနှင့် စပ်လျဥ်း၍ အသီးသီးဆွေးနွေးမေးမြန်းရာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းတွဲဖက်အတွင်းဝန်က မေးခွန်းများအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ကူညီဆောင်ရွက်နိုင်မည့်လုပ်ငန်းစဥ်များအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပကြရာ ရေးရာကော်မတီများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား တင်ပြအစီရင်ခံ၍ ရှေ့ဆက် အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းတွဲဖက်အတွင်းဝန်ဒေါက်တာလှိုင်မြင့်ဟန်၊ ပြည်သူ့ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး (၂၁:၄၅) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2539/
Scroll to Top