
ပြည်သူသို့အသိပေးတင်ပြခြင်း (၃)
၂၀၂၁ခုနှစ်၊ မတ်လ၊ (၈)ရက်
ယခု ဆင်နွှဲလျက်ရှိသော ပြည်သူလူထုတစ်ရပ်လုံး၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် Civil Disobedience Movement(CDM) အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ အဓိကကျသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး စစ်အာဏာရှင် အထိနာလျက်ရှိကြောင်း သိရှိရပါသည်။
CRPH(CDM Support Team) အနေနှင့် ရုံးမတက်ပဲ ရုန်းထွက်ခဲ့ကြသော ပြည်သူ့ဝန်ထမ်းများအား မှတ်တမ်းတင်ရေးနှင့် လိုအပ်သည်များကူညီထောက်ပံ့နိုင်ရေးကို ရည်ရွယ်ချက်တူ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်လျက်ရှိပါသည်။
ယခင်က Viber Phone နံပါတ်များမှတဆင့် စာရင်းကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် အခက်အခဲအတားအဆီးအမျိုးမျိုးကြောင့် အဆင်မပြေမှုများရှိခဲ့ခြင်းကို အနူးအညွတ် မေတ္တာရပ်ခံတောင်းပန်အပ်ပါသည်။
CRPH(CDM Support Team) အနေနှင့် CDM တိုက်ပွဲတွင် အသိစိတ်ဓါတ်ရဲရင့်ခိုင်မာစွာဖြင့် အမှန်တကယ်ပါဝင်နေကြသည့် ပြည်သူ့ဝန်ထမ်း တစ်ဦးတစ်ယောက်ချင်းစီတိုင်း မှတ်တမ်းစာရင်းတွေပါဝင်လာနိုင်ရန်နှင့် လိုအပ်သောအကူအညီများရရှိနိုင်ရန် Online မှတဆင့် စာရင်းပေးသွင်းသော စနစ်ကို မိတ်ဆက်လိုက်ပါသည်။
အောက်ပါ လင့်ခ်သို့သွားရောက်၍ စာရင်းပေးသွင်းပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။ https://cdm.crphmyanmar.org
Civil Disobedience Movement(CDM) နှင့်ပတ်သက်သည့် ညွှန်ကြားချက်များကို CDM Central Committee က ဆက်လက်ထုတ်ပြန်ညွှန်ကြားသွားမည်ဖြစ်ပါသည်။
(CRPH Website ဖြစ်သည့် https://crphmyanmar.org တွင်ပါဝင်သော CDM စာရင်းပေးသွင်းရန် link မှတဆင့်လည်း စာရင်းပေးသွင်းနိုင်ပါသည်။)
CRPH
ပြန်ကြားရေးနှင့်ပြည်သူ့ရေးရာကော်မတီ