ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီသည် CDM ပြည်သူ့ဝန်ထမ်းများ၏ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် အမှန်တကယ်အကူအညီလိုအပ်လျက်ရှိသည့် CDM ဝန်ထမ်းများ၏ အရေးပေါ်ကိစ္စရပ်များအား ၂၀၂၁ ခုနှစ်၊ မတ်လမှ စတင်၍ ကူညီပံ့ပိုးလျက်ရှိပါသည်။
ပြည်သူ့ရေးရာကော်မတီ၏ အရေးပေါ်ကူညီပံ့ပိုးမှုများတွင် ကျန်းမာရေး၊ မီးဖွားစရိတ်၊ စားဝတ်နေရေး စသည့် ခေါင်းစဉ်(၃)ခုဖြင့် အဓိကပံ့ပိုးပေးလျက်ရှိပြီး ရေဘေး၊ နေအိမ်မီးရှို့/ဖျက်ဆီးခံ၊ နေအိမ်ရွှေ့ပြောင်း၊ ဖမ်းဆီးခံနှင့် နာရေးထောက်ပံ့မှုများအတွက်လည်း ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ ပြည်သူ့ရေးရာကော်မတီအနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄၊ စက်တင်ဘာလအထိ CDM ဝန်ထမ်း (၁,၂၅၅) ဦးအတွက် မြန်မာကျပ်ငွေ သိန်းပေါင်း (၇၆၉) သိန်းကျော်ကို ကူညီပံ့ပိုးနိုင်ခဲ့ပြီးဖြစ်ပါသည်။
ပြည်သူ့ရေးရာကော်တီသို့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ Ahlu Shin Facebook Page နှင့် သက်ဆိုင်ရာဝန်ကြီးဌာန Focal Person များမှတစ်ဆင့် ချိတ်ဆက်၍ ထောက်ပံ့မှုများအား ပေးပို့တင်ပြနိုင်ပါသည်။
ပြည်သူ့ရေးရာကော်မတီအနေဖြင့် CDM ပြည်သူ့ဝန်ထမ်းသူရဲကောင်းများအား နိုင်ငံတကာ အလှူရှင်များမှ လှူဒါန်းငွေများ၊ Ahlu Shin Application နှင့် Spring Legends YouTube Channel တို့၏ ကြော်ငြာများမှရရှိသည့် ဝင်ငွေများဖြင့်သာ ပြန်လည်ထောက်ပံ့နေရသည့်အတွက် ပြည်သူများ အနေဖြင့်လည်း Ahlu Shin Application နှင့် Spring Legends YouTube Channel တို့တွင် ဝင်ရောက်ကြည့်ရှုကလစ်ခြင်းအားဖြင့် CDM သူရဲကောင်းများအား တစ်ဖက်တစ်လမ်းမှ ပါဝင် ကူညီနိုင်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
Ahlushin Facebook Page
https://www.facebook.com/ahlushin.mm
Ahlushin App
iOS Version Link
https://apps.apple.com/ph/app/ahlu-shin/id1629192579
Play Store Link
https://play.google.com/store/apps/details?id=com.cdmsupport.ahlushin
Direct Link
Spring Legends YouTube Channel





