Refresh

This website crphmyanmar.org/publications/news-and-press-release/designating-officials-and-groups-associated-with-the-military-coup/ is currently offline. Cloudflare's Always Online™ shows a snapshot of this web page from the Internet Archive's Wayback Machine. To check for the live version, click Refresh.

Home / မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုနှင့်ဆက်နွှယ်သည့် တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို သတ်မှတ်ခြင်း

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုနှင့်ဆက်နွှယ်သည့် တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို သတ်မှတ်ခြင်း

class=wp-image-372/

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုနှင့်ဆက်နွှယ်သည့် တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို သတ်မှတ်ခြင်း

သတင်းထုတ်ပြန်ချက်၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင်ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံ၏ အသစ်ရွေးကောက်တင်မြှောက်ခံထားရသော လွှတ်တော်မစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ သတင်းသမားများနှင့်လူ့အခွင့်အရေးလှုပ်ရှားသူများအပါအဝင် အရပ်သားအစိုးရခေါင်းဆောင်များစွာကို တပ်မတော်ကဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဤသည်မှာအာဏာသိမ်းမှုတစ်ရပ်ဖြစ်ကြောင်း မိမိတို့ရှင်းရှင်းလင်းလင်းသိပြီးဖြစ်သည့်အတိုင်း မိမိတို့အနေဖြင့် ဒီအတိုင်းထိုင်ကြည့်နေမည်မဟုတ်ပါ။ ဤအာဏာသိမ်းမှုသည် နိုဝင်ဘာ ၂၀၂၀ ရွေးကောက်ပွဲအတွင်း ပြသခဲ့ကြသည့် မြန်မာနိုင်ငံသားတို့၏ဆန္ဒကိုငြင်းပယ်ရန်ကြိုးပမ်းခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ မြန်မာနိုင်ငံသားများသည် ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊ လုပ်ငန်းခွင်မသွားဘဲသပိတ်မှောက်ခြင်းတို့ဖြင့် ၎င်းတို့၏ ဒီမိုကရေစီအတွက်ထားရှိသော သန္နိဋ္ဌာန်ကို ပြသနေခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုကလည်း ၎င်းတို့နှင့်အတူရပ်တည်ပါသည်။ အဆိုပါအာဏာသိမ်းမှုကိုဦးဆောင်ခဲ့သော လက်ရှိတပ်မတော်အရာရှိများနှင့် ယခင်တပ်မတော်အရာရှိ ခြောက်ဦးတို့ကိုဒဏ်ခတ်ပိတ်ဆို့ရန်ထုတ်ပြန်သတ်မှတ်ခြင်းဖြင့် အမေရိကန်ပြည်ထောင်က ယနေ့တုံ့ပြန်လိုက်သည်။ ယင်းအပြင် အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်လေးဦးနှင့် တပ်မတော်ကထိန်းချုပ်သော သို့မဟုတ် ပိုင်ဆိုင်သော လုပ်ငန်းအဖွဲ့အစည်းသုံးခုကိုလည်း ဒဏ်ခတ်ပိတ်ဆို့ရန်ထုတ်ပြန်သတ်မှတ်လိုက်သည်။ ဤသို့ထုတ်ပြန်သတ်မှတ်ခြင်းများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခံထားရသော အစိုးရကိုဖယ်ရှားရာတွင် အဓိကဦးဆောင်ခဲ့သည့် လက်ရှိနှင့်ယခင်တပ်မတော်အရာရှိများကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ဤသည်မှာ မြန်မာပြည်သူလူထု သို့မဟုတ် ပြည်သူလူထု၏စီးပွားရေးကို ပစ်မှတ်ထားခြင်းမဟုတ်ပါ။ မြန်မာပြည်သူလူထု၏ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲမဖြစ်ပေါ်စေရန် မိမိတို့အသေအချာပြည်လည်သုံးသပ်ဆောင်ရွက်ခဲ့ပါသည်။ ဤသို့ထုတ်ဖော်သတ်မှတ်မှုများသည် မြန်မာနိုင်ငံအတွင်းအခြေအနေများနှင့်စပ်လျဉ်းသောပိုင်ဆိုင်မှုထိန်းချုပ်ကန့်သတ်ခြင်းဆိုင်ရာ သမ္မတအမိန့်အသစ်အရ ဆောင်ရွက်ခြင်းဖြစ်သည်။တပ်မတော်၏လုပ်ရပ်များကို ကမ္ဘာတစ်လွှားရှိ မိတ်ဖက်နိုင်ငံများ၊ မဟာမိတ်များနှင့်အတူ မိမိတို့ကန့်ကွက်ရှုတ်ချပါသည်။ မြန်မာနိုင်ငံသားများက အမှန်တကယ်ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များ၊ ဤအာဏာသိမ်းယူမှုကို ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြနေကြသူအားလုံးနှင့်အတူ မိမိတို့ရပ်တည်ပါသည်။ တပ်မတော်အနေဖြင့် ၎င်းတို့၏အာဏာကိုစွန့်လွှတ်ရမည်၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရ ပြန်လည်အသက်ဝင်စေရမည်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးရမည်၊ ဆက်သွယ်ရေးနှင့်လူမှုကွန်ရက်မီဒီယာအပေါ် ကန့်သတ်ထားမှုများကို ဖယ်ရှားပေးရမည်၊ အကြမ်းဖက်ခြင်းမှ ရှောင်ရှားရမည်။ ယနေ့အရေးယူဆောင်ရွက်မှုသည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုရှာဖွေနေသော မြန်မာပြည်သူလူထုကို အားပေးထောက်ခံကြောင်း ရှင်းရှင်းလင်းလင်းပေးပို့လိုက်သည့် သတင်းစကားဖြစ်ပါသည်။ထုတ်ပြန်ချက်အပြည့်အစုံ https://bit.ly/3tPsijMDesignating Officials and Entities in Connection with the Military Coup in Burma PRESS STATEMENT – February 11, 2021ANTONY J. BLINKEN, SECRETARY OF STATEOn February 1, prior to the scheduled seating of Burma’s newly elected Parliament, the Burmese military detained a broad cross-section of civilian government leadership, including State Counsellor Aung San Suu Kyi and President Win Myint, civil society leaders, journalists, and human right activists. We have been clear: this was a coup, and we will not sit idly by. This coup attempts to reject the will of the people of Burma as expressed during the November 2020 election. Since February 1, the people of Burma have shown their commitment to democracy through peaceful protest and civil disobedience. The United States stands with them.Today, the United States is responding by designating the six current and former military officers who led the coup, as well as four members of the newly established State Administrative Council and three business entities that are owned or controlled by the military. These designations specifically target current or former members of the military who played a leading role in the overthrow of Burma’s democratically-elected government. They do not target the economy or people of Burma, and we have gone to great lengths to ensure we do not add to the humanitarian plight of the Burmese people. These designations are pursuant to the newly issued Executive Order Blocking Property With Respect to the Situation in Burma.We join partners, allies, and others across the world in condemning the military’s actions. We stand with the duly elected representatives of the people of Burma and all those peacefully protesting this takeover. The military regime should relinquish power, restore the democratically-elected government, release all those unjustly detained, lift telecommunications and social media restrictions, and refrain from violence. Today’s action sends a clear message of support to the people of Burma in their pursuit of democracy and human rights.Read the statement here: https://bit.ly/3tPsijM

Scroll to Top