Home / ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စများနှင့်စပ်လျဉ်း၍ CRPH အလုပ်သမားရေးရာကော်မတီနှင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စများနှင့်စပ်လျဉ်း၍ CRPH အလုပ်သမားရေးရာကော်မတီနှင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

အလုပ်သမားရေးရာကော်မတီသည် ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စများနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးခြင်းအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ ညနေ (၁၅:၀၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးဥက္ကာမင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအား ဖိတ်ခေါ် ဆွေးနွေးရခြင်း ရည်ရွယ်ချက်ကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် ဖွင့်လှစ်ထားရှိသော နိုင်ငံခြားရေးရုံးများနှင့်ချိတ်ဆက်၍ နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသော ရွှေ့ပြောင်းအလုပ်သမားများ၊ CDM များနှင့် နိုင်ငံရေးခိုလှုံနေသူများအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများအား ကူညီဖြေရှင်းပေးနိုင်မည့် နည်းလမ်းများ၊ အလုပ်သမားရေးရာကော်မတီအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် ရွှေ့ပြောင်း အလုပ်သမား ပြဿနာများနှင့်စပ်လျဥ်းသည့် အခြေအနေများ၊ ဝန်ကြီးဌာနအနေဖြင့် ကူညီဖြေရှင်းပေးနိုင်သည့် အခြေအနေများနှင့် ကော်မတီအား ချိတ်ဆက်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဥ်တို့အား အကျယ်တဝင့် ဆွေးနွေးညှိနှိုင်း အကြံပြုခဲ့ကြသည်။

စည်းအဝေးသို့ အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး (၁၆:၅၀)နာရီအချိန်တွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2850/
class=wp-image-2851/
Scroll to Top