Home / နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်မျာညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင်တို့သည် ၂၁-၁၀-၂၀၂၅ ရက်နေ့တွင် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၏ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ မာတင်ချောင်ဂေါင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား တရားဝင်မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆက်လက်အသိအမှတ်ပြုရေး၊ အကြမ်းဖက်စစ်အုပ်စုက ပြင်ဆင်နေသည့် တရားမဝင်ရွေးကောက်ပွဲနှင့် ယင်းအတုအယောင်ရွေးကောက်ပွဲရလဒ်အား နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၏ အဖွဲ့ဝင်လွှတ်တော်များက အသိအမှတ်မပြုရေးတို့အပေါ် ဆွေးနွေးဖလှယ်ခဲ့ကြပြီး နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား တရားဝင်မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆက်လက်အသိအမှတ်ပြုမှုတွင် အထွေထွေအတွင်းရေးမှူးချုပ်၏ အရေးပါသော အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top