မုံရွာမြို့ဗိုလ်ချုပ်လမ်းဘေးရှိ ဆန္ဒပြလူထုရှိရာ ပြသာဒ်ကျောင်း (ဆင်ဖြူ ရာမကျောင်း)အနီးအခြေအနေအား မုံရွာဂေဇက် ဖေ့စ်ဘွခ်တွင် တိုက်ရိုက်ထုတ်လွှင့်နေစဉ် အရပ်ဝတ်လူသုံးဦးမှ လာရောက်ပြီး ဖုန်းအားရိုက်ခွဲ၍ ကန်ကျောက် ရိုက်နှက်ကာ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ဦးကျော်ကျော်ဝင်းအား ဖမ်းဆီး၍ အချုပ်ကားပေါ်တင်စဉ် ဒဏ်ရာများရရှိထားပြီး ဆေးကုသပေးမှု အခြေအနေကို မသိရသေးပါ။ တိုက်ရိုက်ထုတ်လွှင့်စဉ် မုံရွာဂေဇက်မှ ဓာတ်ပုံသတင်းထောက်နှင့် အခြားအမျိုးသမီးသတင်းထောက်နှစ်ဦးကိုလည်း အရပ်ဝတ်နှင့်လူများက ဦးတည်တိုက်ခိုက်သဖြင့် ရှောင်ထွက်ရကြောင်း သိရသည်။ လက်ရှိ မွန်းလွဲပိုင်းတွင် ဆန္ဒပြလူထု နှင့် ရဲတပ်ဖွဲ့၊ တပ်တို့ ဗိုလ်ချုပ်လမ်းတွင် တင်းမာမှုများဖြစ်နေပြီး ဖမ်းဆီးထိန်းထားခံရသူ ၅၀ ထက်မနည်း ရှိနေကြောင်း သတင်းရရှိသည်။
Home / Monywa Gazette CEO is arrested by Myanmar Police, Feb 27 2021