Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ

၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၀/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဇွန်လမှ ၂၀၂၅ ခုနှစ်၊ ဧပြီလအထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ မူဝါဒများ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ (လျှပ်စစ်) နှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ (ဆောက်လုပ်ရေး)၊ Infrastructure For Civilian Government(Transitional)၊ CDM ဝန်ထမ်းများအား ကူညီထောက်ပံ့နိုင်မှု အခြေအနေ (၂၀၂၅ ခုနှစ်၊ ဧပြီလ)၊ ကျေးရွာ ပ.အ.ဖ တာဝန်ခံများ၊ ကျေးရွာမီးကော်မတီအဖွဲ့များ/လိုင်းမန်းများနှင့် တွေ့ဆုံ‌ဆွေးနွေးခြင်း၊ ဝန်ကြီးဌာနက ချမှတ်ထားသော အခြေခံမူဝါဒများ၊ ညွှန်ကြားချက်များပါဝင်သည့် လက်ကမ်းစာအုပ်များ ပေးအပ်ခြင်း၊ ဓာတ်အားလိုင်းများ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ငလျင်ဘေးသင့်ဒေသများရှိ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ၊ အဆောက်အဦများ၊ လမ်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ပညာရေးကော်မတီက ဘုတ်အဖွဲ့များ၊ ဝန်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည့်ကိစ္စ၊ ဖက်ဒရယ်ရေးရာကော်မတီက ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရန် ကိစ္စရပ်တို့တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top