Refresh

This website crphmyanmar.org/publications/message-to-daw-aung-san-suu-kyis-birthday/ is currently offline. Cloudflare's Always Online™ shows a snapshot of this web page from the Internet Archive's Wayback Machine. To check for the live version, click Refresh.

Home / အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားသို့ပေးပို့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားသို့ပေးပို့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ သဝဏ်လွှာ

၁။           ယနေ့ကျရောက်သော ပြည်သူ့ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်ပြည့် မွေးနေ့တွင် နိုင်ငံသူနိုင်ငံသားများနှင့်တကွ ကမ္ဘာသူ/ ကမ္ဘာသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်ဝပါစေကြောင်း ဦးစွာဆုတောင်း မေတ္တာပို့သအပ်ပါသည်။

၂။            မိမိတို့နိုင်ငံတော်သည် ဒီမိုကရေစီရရှိနိုင်ရေးအတွက် နှစ်ပေါင်းများစွာကြာ နည်းလမ်းများစွာဖြင့် ကြိုးစားအားထုတ်ခဲ့ကြသော်လည်း အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ပြတ်အောင် လုပ်ဆောင်နိုင်ခြင်းမရှိသေးသည့်အတွက် ငြိမ်းချမ်းသော နိုင်ငံတော်ကို  မတည်ဆောက်နိုင်သေးပါ။ သို့သော်လည်း ယနေ့အချိန်ထိ ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထုနှင့်တကွ  ခေါင်းဆောင်များသည် မလျှော့သော ဇွဲလုံလဝီရိယများ၊ ခွန်အားသစ်များဖြင့် ယုံကြည်ရာ ဦးတည်ချက်သို့  ရှေ့ဆက်ချီတက် လျှောက်လှမ်းနေကြဆဲဖြစ်ပါသည်။ မိမိတို့ အားလုံး ထပ်တူမျှော်လင့်တောင့်တနေသော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးကို မဝေးသော အချိန်ကာလတွင် စည်းလုံးမှုကို အခြေခံကာ ညီညွတ်မှုအားဖြင့် တည်ဆောက်နိုင်မည်ကို ယုံကြည်ပါကြောင်းလည်း  ဖော်ပြလိုပါသည်။

၃။           အာဏာရှင်ခေတ်အဆက်ဆက်တွင် အသက်သွေးချွေးပေးဆပ်ကာ တရားမျှတမှုအတွက် ပါဝင်တော်လှန်ခုခံခဲ့ကြသည့် သူရဲကောင်းများအားလုံးနှင့်တကွ လက်ရှိနွေဦးတော်လှန်ရေးတွင်လည်း အဖက်ဖက်မှ ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်းများအားလုံးကို လေးစားဂုဏ်ပြုပါကြောင်း ဖော်ပြလိုပါသည်။

၄။           ပြည်သူ့ခေါင်းဆောင်၏ အမှန်တရားကို လေးစားယုံကြည်မြတ်နိုးသည့် စိတ်ဓာတ်နှင့်အတူ သမိုင်းတလျှောက်တွင် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက်  ရှေ့မှ မားမားမတ်မတ် ရပ်တည်လျက် ဒီမိုကရေစီအုတ်မြစ် ခိုင်မာရေးကို ရဲရဲဝံ့ဝံ့ ကြိုးစားအားထုတ်ခဲ့သည့် သမိုင်းလုပ်ရပ်များနှင့် လက်ရှိအချိန်တွင် အာဏာရှင် လူတစ်စု၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရသော်လည်း ကြောက်ရွံခြင်းမရှိ ကိုယ်ကျိုးမတွက်ဘဲ ဒီမိုကရေစီအောင်ပန်း အမြဲ ဆင်မြန်းနိုင်စေရန် ပြည်သူ၏ဆန္ဒနှင့် တသားတည်းဖြစ်အောင် ရပ်တည်ဆောင်ရွက်ပေးနေသော လုပ်ဆောင်ချက်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့်  အစဥ်အမြဲ တန်ဖိုးထားလေးစားပါကြောင်းနှင့် ဂုဏ်ယူပါကြောင်း ဖော်ပြလိုပါသည်။  ခေါင်းဆောင်၏ ယနေ့ကျရောက်သော (၇၇) နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်များစွာတိုင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကာ ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ဘဝခရီးလမ်း လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top