၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်
၁။ ထူးခြားလှသောသမိုင်းအစဥ်အလာနှင့် ယဉ်ကျေးမှုကိုမြတ်နိုးတန်ဖိုးထားသည့် သွေးချင်း မွန်တိုင်းရင်းသားများသည် အေဒီ ၅ ရာစုနှောင်းပိုင်းတွင် ဟံသာဝတီနိုင်ငံတော်ကြီးကို စတင် တည်ထောင်ခဲ့သည့်နေ့ရက်ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်၍ ၁၉၄၇ ခုနှစ်မှစတင်ကာ ဂုဏ်ပြုကျင်းပလာခဲ့သည်မှာ ယနေ့တွင် (၇၆)နှစ်မြောက်တိုင်ခဲ့ပြီဖြစ်သည့်အတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ဦးစွာပဏာမ ဖော်ပြအပ်ပါသည်။
၂။ ခေတ်အဆက်ဆက် အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးတိုက်ပွဲတိုင်း၌ တက်ကြွစွာ ပါဝင်ခဲ့ကြသော မွန်တိုင်းရင်းသားခေါင်းဆောင်များနှင့် မွန်အာဇာနည်သူရဲကောင်းများ အားလုံးအား ဂုဏ်ယူလေးစားရပါကြောင်းနှင့် မိမိတို့ပြည်သူများ၏ နွေဦးတော်လှန်ရေးခရီးလမ်းသည် တူညီ ခိုင်မာသောယုံကြည်ချက်များဖြင့် မဝေးသော အနာဂတ်တွင် အောင်ပွဲပန်းတိုင်ဆီသို့ နီးနီးကပ်ကပ် ချဉ်းကပ်ရောက်ရှိလျက်ရှိနေပါကြောင်း သတင်းစကားကို အသိပေး ဖော်ညွှန်းအပ်ပါသည်။
၃။ မွန်တိုင်းရင်းသားအားလုံး၏ မင်္ဂလာရှိသော ဤနေ့ထူးနေ့မြတ်အခါသမယတွင် မွန် တိုင်းရင်းသားများနှင့်အတူ ပြည်သူအားလုံးသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းအပြီးသတ်ရေး အတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဆီသို့ မျှော်ရည်မှန်းကာ တွဲလက်ညီညီ ခွန်အားအပြည့်ဖြင့် ကြိုးစားပါဝင်အောင်ပွဲဆင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့ သဝဏ်လွှာအား လေးစားစွာ ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ