Home / (၆၁) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့သဝဏ်လွှာ

(၆၁) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

၁။         တအာင်းပြည်သူအားလုံးသည် ၁၉၆၃ ခုနှစ်မှစတင်ကာ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နှင့် တန်းတူညီမျှမှုတို့အတွက် စစ်အာဏာရှင် စနစ်လက်အောက်မှ လွတ်မြောက်နိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြသည်မှာ ယနေ့တွင် (၆၁) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ထူးမြတ်သည့်အခါသမယတွင် တအာင်းပြည်သူများနှင့်တကွ တိုင်းရင်းသားညီနောင်များအားလုံး တော်လှန်စိတ်ခွန်အားအပြည့်ဖြင့် လျှောက်လှမ်းနေသည့် နွေဦးခရီးလမ်းတွင် အောင်ပွဲအလီလီ ဆင်နွှဲနိုင်ကြကာ ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေ ကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။              တအာင်းပြည်သူများသည် စစ်အာဏာရှင် ခေတ်အဆက်ဆက်တွင်သာမက ယနေ့နွေဦး တော်လှန်ရေးတွင်လည်း အခြားသော တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်ကာ အောင်ပွဲများစွာ ရရှိလျက်ရှိပါသည်။ ၁၀၂၇ စစ်ဆင်ရေးမှ ပေါ်ပေါက်လာသည့် အောင်ပွဲများတွင် တအာင်းပြည်သူများ၏ ရဲစွမ်းသတ္တိ ကိုလည်း အထင်အရှားမြင်တွေ့ရပါသည်။ တအာင်းပြည်သူများ၏ ရဲစွမ်းသတ္တိနှင့်အောင်မြင်မှုများ သည် သမိုင်းစာမျက်နှာများပေါ်တွင် သမိုင်းကောင်းများအဖြစ် ကမ္ဗည်းထိုးနိုင်ခဲ့ပြီဖြစ်ပါသည်။ တအာင်းပြည်သူများအနေဖြင့် အခြားသော တော်လှန်ရေးအစုအဖွဲ့များအားလုံးနှင့်အတူ အချင်းချင်း အပြန်အလှန်နားလည်ယုံကြည်မှုတို့ဖြင့် တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက် ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြသည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း ဤသဝဏ်လွှာမှတစ်ဆင့် ဂုဏ်ပြုဖော်ပြအပ်ပါသည်။

၃။              မိမိတို့အနေဖြင့် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသော တအာင်းသူရဲကောင်းခေါင်းဆောင်ကြီးများနှင့်အတူ ယနေ့နွေဦးတော်လှန်ရေး တွင်လည်း မြင့်မြတ်စွာ အသက်၊ ခန္ဓာရင်းနှီးပေးဆပ်ခဲ့ကြသော တအာင်းအာဇာနည်သူရဲကောင်း အပေါင်းအား လေးစားစွာ ဦးညွှတ်အလေးပြုလျက် စစ်မိစ္ဆာစနစ်ဆိုးလက်အောက်တွင် နှစ်ပေါင်း များစွာ အတူတကွ အဖိနှိပ်ခံခဲ့ရသည့် တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေးအင်အားစုတစ်ရပ် လုံးနှင့်အတူ လက်ရှိကာလတွင်သာမက နောင်အနာဂတ်တွင် စစ်အာဏာရှင်စနစ်အား မြန်မာ့ မြေပေါ်မှ အပြီးတိုင်ကွယ်ပျောက်သွားရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးခြင်း၊ အပြန်အလှန် နားလည်ယုံကြည်မှုများ တည်ဆောက်ခြင်းတို့ဖြင့် ကျော်လွှားသွားမည်ဖြစ်ကြောင်း ကတိသစ္စာဖြင့် ဤ (၆၁) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့သဝဏ်လွှာ အား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top