Refresh

This website crphmyanmar.org/publications/message-on-36th-anniversary-of-ko-phone-maw-ko-soe-naing/ is currently offline. Cloudflare's Always Online™ shows a snapshot of this web page from the Internet Archive's Wayback Machine. To check for the live version, click Refresh.

Home / ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း (၃၆) နှစ်ပြည့် နှစ်ပတ်လည်နေ့သဝဏ်လွှာ

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း (၃၆) နှစ်ပြည့် နှစ်ပတ်လည်နေ့သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်

၁။          ခေတ်အဆက်ဆက် အာဏာရှင်စနစ်ဆိုးအား ဆန့်ကျင်တော်လှန်ရင်း အသက်ပေး စတေးခဲ့ကြသည့် သူရဲကောင်းများအနက် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အပါအဝင်ဖြစ်ကာ ၎င်းတို့အား ၁၉၈၈ ခုနှစ်၊ မတ်လ(၁၃) ရက်နေ့တွင် စစ်အာဏာရှင်နေဝင်း၏ အကြမ်းဖက်စစ်တပ်က တက္ကသိုလ်ပရဝုဏ်အတွင်း၌ပင် ရက်စက်စွာ ပစ်သတ်ခဲ့ခြင်းဖြစ်ပါသည်။  

၂။            ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး စတင်ပေါ်ပေါက်စေခဲ့သော စက်မှု တက္ကသိုလ်ကျောင်းသား ကိုဘုန်းမော်နှင့် ကိုစိုးနိုင်တို့သည် မြန်မာပြည် ဒီမိုကရေစီ ရရှိရေး အတွက် ကြိုးပမ်းခဲ့သည့် ခရီးလမ်းတွင် မေ့ပျောက်၍မရသော ကျောင်းသားအာဇာနည်များ ဖြစ်ကြကာ ယနေ့တွင် ၎င်းတို့၏ကျဆုံးခြင်းသည် (၃၆) နှစ်တိုင် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် တိုင်းပြည်၏အာဏာကို အတင်းအဓမ္မ သိမ်းယူမှုအား ကျောင်းသားလူငယ်များက ဆန္ဒပြကန့်ကွက်ခြင်းအပေါ် လက်နက်ဖြင့် တုန့်ပြန် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် တိုင်းပြည်အနာဂတ် မျိုးဆက်သစ်လူငယ်များစွာတို့သည် သွေး မြေကျကာ အသက်ဆုံးရှုံးခဲ့ကြရပါသည်။ မတရားမှုကို ခေါင်းငုံ့မခံသည့် ကျောင်းသားစိတ်ဓာတ် ဖြင့် ယနေ့ နွေဦးတော်လှန်ရေးတွင် ကျရာအခန်းကဏ္ဍများမှ ကြိုးပမ်းဆောင်ရွက်နေကြသော ကျောင်းသားလူငယ်များ၏ ပြတ်သားသောစိတ်ဓာတ်၊ ခံယူချက်နှင့် ပေးဆပ်မှုများအား အထူးပင် လေးစား ဂုဏ်ယူရပါကြောင်း ဖော်ပြအပ်ပါသည်။

၃။           ယနေ့နွေဦးတော်လှန်ရေးအပါအဝင် ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲတိုင်းတွင် လည်း အပြစ်မဲ့ပြည်သူလူထုနှင့် ကျောင်းသားလူငယ်များစွာသည် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကဲ့သို့ အသက်များ၊ ဘဝများ ပေးဆပ်ခဲ့ကြရပါသည်။ ယနေ့နွေဦးတော်လှန်ရေးတွင်လည်း မျိုးဆက်သစ် ကျောင်းသားတို့မှာလည်း ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးတို့အတွက် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးတိုက်ပွဲတွင် ရှေ့တန်းမှ နေရာယူခဲ့ကြပြန်ပါသည်။ ကိုဖုန်းမော် ကိုစိုးနိုင်တို့အပါအဝင် ဒီမိုကရေစီအရေးအတွက် အသက်ပေးခဲ့ကြသော ကျောင်သားလူငယ် အာဇာနည်သူရဲကောင်းအပေါင်းတို့အား အစဥ်အမြဲ အောက်မေ့လေးစားလျက် ဤသဝဏ်လွှာမှ တစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါသည်။

၄။           ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကဲ့သို့ ကျဆုံးခဲ့ရသည့် ဖြစ်ရပ်များသည် စစ်အာဏာရှင်စနစ်ကို အဆုံးမသတ်နိုင်သရွေ့ အကြိမ်ကြိမ် ကြုံတွေ့နေရမည်ဖြစ်ပါသည်။ အတိတ်သမိုင်းဖြစ်စဥ်များကို သင်ခန်းစာယူ၍ အကြမ်းဖက်စစ်အာဏာရှင်စနစ် လုံးဝပျောက်ကွယ်သွားရေးနှင့် လူ့အခွင့်အရေးများ ပြန်လည်ရရှိရေးတို့အတွက် မိမိတို့အနေဖြင့် ပြည်သူပြည်သားများ၊ ကျောင်းသားလူထုများ၊ နိုင်ငံ ရေးပါတီများ၊ တော်လှန်ရေးအင်အားစုများအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ နှင့်အတူ စုစည်းညီညွတ်မှုတို့ဖြင့် တွဲလက်ခိုင်မြဲစွာ ရှေ့ဆက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း လေးနက်စွာ ကတိပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top