Home / ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဝမ်းနည်းကြောင်းသဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက၊ သူရဦးတင်ဦးသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက် နံနက် ၈ နာရီ ၄၆ မိနစ်ခန့်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွား ပြီဖြစ်ကြောင်း ကြားသိရသည့်အတွက် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ အထူးပင် ဝမ်းနည်းကြေကွဲရပါသည်။

သူရဦးတင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတာဝန်ကို ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်မှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်း ကာလများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖြစ် တာဝန်ယူ ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။

သူရဦးတင်ဦးသည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကြိုးပမ်းရာတွင် အထူးအားကိုးအား ထားပြုရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ လူသေသော်လည်း နာမည်မသေသော ပုဂ္ဂိုလ်တစ်ဦး အဖြစ် မြန်မာ့သမိုင်းတွင် ကမ္ဗည်းထိုးနိုင်ခဲ့ပြီဖြစ်ပါသည်။ သူရဦးတင်ဦး ကွယ်လွန်ခြင်းသည် မိမိတို့ အတွက်အားကိုးအားထားပြုရသော ပုဂ္ဂိုလ်တစ်ဦးဆုံးရှုံးလိုက်ရသည့်အတွက် လွန်စွာဝမ်းနည်းရပြီး မိမိတို့ နှလုံးသားထဲတွင် အစဉ်အမြဲ လေးစားတန်ဖိုးထား၍ အမှတ်ရကာ ဂုဏ်ပြုမှတ်တမ်းတင် ထားမည်ဖြစ်ပါသည်။ သူရဦးတင်ဦး ကောင်းရာဘုံဘဝတွင် အေးချမ်းစွာအနားယူနိုင်ပါစေကြောင်း ဆန္ဒပြုရင်း မပြီးဆုံးသေးသော ဒီမိုကရေစီခရီးလမ်းကို မိမိတို့က ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဝမ်းနည်းကြောင်းသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top