ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် အမေရိကန်အစိုးရနှင့် အမေရိကန်နိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ထိရောက်သော ပံ့ပိုးကူညီမှုများရရှိရေးနှင့် နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် ၇-၃-၂၀၂၃ ရက်နေ့မှ ၉-၃-၂၀၂၃ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့သို့ အလုပ်သဘောခရီးသွားရောက်ခဲ့သည်။
ယင်းခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet ၊ အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးကော်မတီနှင့် Committee on Appropriations အဖွဲ့ဝင်၊ Senator Chris Van Hollen၊ National Democratic Institute (NDI)၊ National Endowment for Democracy (NED) အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


