၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့သည် ယနေ့ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မန္တလေးဒေသ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ မူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်နှင့်တကွ ရေးဆွဲထားသော မူကြမ်း ကို မျှဝေဆွေးနွေးခဲ့ပါသည်။
ထို့နောက် CRPH နှင့် CRPH ဥပဒေရေးရာကော်မတီတို့မှ တက်ရောက်လာသည့် ကော်မတီဝင်များက အကြံပြုချက်၊ သုံးသပ်ချက်များ ဆွေးနွေးကြကာ နှစ်ဘက် အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မန္တလေးဒေသ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ




