Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေး ကောင်အထည် ဖော်ဆောင်မှုကော်မတီ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် ပြည်သူ့ရင်ခွင်ခိုလှုံရေး ကောင်အထည် ဖော်ဆောင်မှုကော်မတီ တွေ့ဆုံဆွေးနွေး

ပြည်သူ့ရေးရာကော်မတီအနေဖြင့် ပြည်သူ့ရင်ခွင်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခြေအနေများနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန်ပြန့် ပိုမိုသိရှိနိုင်ရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီတို့ အချိတ်အဆက်မိမိ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၊ နေ့လယ် ၃ နာရီအချိန်၌ ဗီဒီယိုကွန့်ဖရင့်မှတဆင့် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်နှင့် ကော်မတီဝင်များက တက်ရောက်လာသည့် ပြည်သူ့ရင်ခွင်မှတာဝန်ရှိသူများနှင့် အပြန်အလှန် နှုတ်ခွန်းဆက်စကား ပြောကြား၍ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က ကော်မတီအနေဖြင့် ပြည်သူ့ရင်ခွင်ကော်မတီနှင့် တွေ့ဆုံရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီ၏ မူဝါဒများ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှု၊ ပြည်သူ့ရင်ခွင်ခိုလှုံဝင်မှုအခြေအနေ၊ ရဲ၊ တပ် CDM များအတွက် မြေပြင်ထောက်ပံ့ကူညီနေမှုများနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ အတူ လက်တွဲညှိနှိုင်းဆောင်ရွက်သွားကြမည့်အချက်များအပေါ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ ပြည်သူ့ရေးရာကော်မတီဝင်များနှင့် ပြည်သူ့ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များ တက်ရောက်ဆွေနွေးခဲ့ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top