Home / ပူးပေါင်းလုပ်ဆောင်သွားမည့်ရှေ့လုပ်ငန်းစဥ်များအား ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်

ပူးပေါင်းလုပ်ဆောင်သွားမည့်ရှေ့လုပ်ငန်းစဥ်များအား ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်

၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် CRPH အလုပ်သမားရေးရာကော်မတီနှင့် NUG စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးရာ နှစ်ဖက်ပူးပေါင်း လုပ်ဆောင်သွားမည့် ရှေ့လုပ်ငန်းစဥ်များအနေဖြင့် အလုပ်ရှင်နှင့်အလုပ်သမားဆိုင်ရာ နိုင်ငံတကာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ လေ့လာသင်ယူနိုင်မည့် သင်တန်းကိစ္စများ၊ Proposal ရေးဆွဲနည်းဆိုင်ရာ သင်တန်းကိစ္စများနှင့် CDMer များအတွက် လုပ်ဆောင်ပေးမည့် သက်မွေးပညာဆိုင်ရာ သင်တန်းကိစ္စများအတွက် လိုအပ်သည့် ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့ပြီး အစည်းအဝေးအား ရပ်နားခဲ့သည်။

အစည်းအဝေးသို့ အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top