၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီ သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ယနေ့ (၁၅:၀၀) နာရီတွင် ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန် ဦးနိုင်ထူးအောင်က တော်လှန်ရေးကာလ တစ်နှစ်ကျော်လာသည်နှင့်အမျှ ဝန်ကြီးဌာနအနေဖြင့် ပိုမိုအားစိုက်လုပ်ဆောင်ရမည့်အပိုင်းများ၊ လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဥ် များအပေါ် တိကျပြတ်သားသော မူဝါဒများ ချမှတ်၍ ကြိုးစားလုပ်ဆောင်နေကြောင်း ရှင်းလင်း တင်ပြကာ ယခုကော်မတီနှင့်လည်း လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ မူဝါဒများနှင့်အညီ ပိုမိုချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက ကာကွယ်ရေးဝန်ကြီးဌာန၏ ရှင်းလင်း တင်ပြချက်များအပေါ် ဆွေးနွေးမေးမြန်းအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန်နှင့်ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး (၁၆:၅၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
