Home / CRPH အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံရောက် အလုပ်သမားကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေး

CRPH အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံရောက် အလုပ်သမားကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်းသည် ၂၆-၃-၂၀၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ အလုပ်သမားကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကို လက်တွဲပူးပေါင်းဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အလုပ်သမားရေးရာကော်မတီတို့၏ ဆောင်ရွက်နေမှုများ၊ ထိုင်းနိုင်ငံအောက်လွှတ်တော်၌ ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် မြန်မာရွှေ့ပြောင်းနေထိုင်သူများအရေး တိုက်တွန်းခဲ့မှုများ၊ ကမ္ဘာ့အလုပ်သမားအဖွဲ့(ILO)၏ မြန်မာ့အလုပ်သမားများအတွက် လတ်တလောဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

တက်ရောက်လာကြသည့် အဖွဲ့များ၏ ဦးဆောင်သူများက မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဥပဒေနှင့်အညီ နေထိုင်နိုင်ရေးနှင့် ဥပဒေပါ အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအရေး ဆောင်ရွက်ပေးစေလိုသည့် အချက်များကိုလည်း အကြံပြုတိုက်တွန်းခဲ့သည်။

ထို့နောက် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ က မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့ပြီး ကြုံတွေ့နေရသည့် အခက်အခဲများကို ရှေ့ဆက်ပူး‌ပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကြံပြုချက်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top