၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နေ့၊ နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် CRPH အတွင်းရေးမှူးအဖွဲ့ဝင်၊ ဒေါ်ဖြူဖြူသင်းက ၂၀၂၅ ခုနှစ်၊ လုပ်ငန်းဆောင်ရွက်ချက်အား ရှင်းလင်းတင်ပြခဲ့ကာ KPICT မှ တာဝန်ရှိပုဂ္ဂိုလ်များက အဖွဲ့အစည်း၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဥ်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက တော်လှန်ရေး အောင်မြင်စေရန် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဥ်း၍ ပိုမိုပူးပေါင်း ဆောင်ရွက်သွားသင့်သည့်လုပ်ငန်းစဥ်များနှင့် အနာဂတ်တွင်လည်း ချိတ်ဆက် လုပ်ဆောင်သွားနိုင်မည့်လုပ်ငန်းစဥ်များအပေါ် အပြန်အလှန်ပြောကြားခဲ့ပြီး အစည်းအဝေးအား ၁၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဥက္ကဋ္ဌ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ








