Home / ပညာရေးကော်မတီနှင့် ဥပဒေရေးရာကော်မတီတို့ကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်

ပညာရေးကော်မတီနှင့် ဥပဒေရေးရာကော်မတီတို့ကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်

ပညာရေးကော်မတီနှင့်  ဥပဒေရေးရာကော်မတီတို့ကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေး တစ်ရပ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့၊ ၁၅၀၀ နာရီအချိန်တွင် ဗီဒီယိုကွန် ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပညာရေးကော်မတီဥက္ကဋ္ဌက တွေ့ဆုံရသည့်အကြောင်းရင်းအား ရှင်းလင်းတင်ပြရာတွင် ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံခဲ့သည့် ရလဒ်များအပေါ် ဥပဒေရေးရာကော်မတီနှင့် ရှေ့လုပ်ငန်းစဥ်များတွင် ပိုမိုချိတ်ဆက်လုပ်ကိုင်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်လိုခြင်းဖြစ်ကြောင်း ပြောကြားကာ တက်ရောက်လာသည့်အဖွဲ့ဝင်များက သိရှိလိုသည်များအား အသီးသီး ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ထို့နောက် ဥပဒေရေးရာကော်မတီအနေဖြင့် ဆွေးနွေးမေးမြန်းချက်များအပေါ် ရှင်းလင်းတင်ပြကာ မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်နိုင်မည်ကို အပြန်အလှန်ညှိနှိုင်းခဲ့ကြပြီး အစည်းအဝေးအား (၁၇ဝဝ) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပညာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top