ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက်တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့၊ ည (၂၀:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲ၌ တက်ရောက်လာကြသူများက အပြန်အလှန် မိတ်ဆက်ပြီးနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် က SRMMN အဖွဲ့အစည်းအကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ နှစ်ဖက်အဖွဲ့အစည်းများမှ တက်ရောက်လာကြသူများက လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းစဉ်များ၊ ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲအား (၂၂:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ ဝင်များ၊ နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

