Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ တို့ တစ်ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင် ခွင့်(Universal Jurisdiction)ကိစ္စရပ်အတွက် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ တို့ တစ်ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင် ခွင့်(Universal Jurisdiction)ကိစ္စရပ်အတွက် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကိစ္စရပ်နှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျ နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေအား ဖိတ်ကြားကာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ ညနေ (၁၅:၀၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဦးထွန်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဒေါက်တာထွန်းအောင်ရွှေက တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နှင့်စပ်လျဥ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးရာတွင် အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ခဲ့သော ပြစ်မှုဆိုင်ရာကိစ္စရပ်များအားအချက်အလက်ပြည့်စုံစွာ သုတေသနပြုမှတ်တမ်းတင်စုစည်းထားရှိမှုနှင့်အတူ လုပ်ငန်းနယ်ပယ်အလိုက် ပူးပေါင်း ဆောင်ရွက်မည့်အစိုးရများ၊ လွှတ်တော်များ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ချိတ်ဆက်လုပ်ဆောင်နေမှု၊ လုပ်ငန်းစဥ်အကောင်အထည်ဖော်ဆောင်နိုင်မှုနှင့် ကြုံတွေ့လာနိုင်သော အခက်အခဲများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးချက်များနှင့် အခြား သိရှိလိုသည့်အချက်များအတွက် မေးခွန်းမေးမြန်း၍ တွေ့ဆုံမှုအား(၁၆:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဦးထွန်းမြင့်နှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

class=wp-image-2562/
class=wp-image-2563/
Scroll to Top