ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အဖွဲ့ဝင်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အဖွဲ့ဝင်များသည် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများအတွက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ၁၈၀၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပထမဦးစွာ တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ ဦးမြင့်ထွေးက လွှတ်တော်ဆိုင်ရာလုပ်ငန်းများအတွက် တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် အခြားအဖွဲ့ဝင်များက မြေပြင်အခြေအနေများနှင့် လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များအတွက် ပိုမိုချိတ်ဆက်ဆောင်ရွက် နိုင်စေရန် အကြံပြုချက်များ တင်ပြ၍ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


