ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီတို့သည် လွှတ်တော်ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေးမှုအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် နေ့၊ ညနေ(၂၀:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။
ပထမဦးစွာ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ချင်းလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ ဦးပါထန်က လွှတ်တော်ဆိုင်ရာလုပ်ငန်းများအတွက် ပိုမိုချိတ်ဆက်လုပ်ဆောင်နိုင်စေရန် ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်လိုသည့်လုပ်ငန်းများအပါအဝင် ချင်းပြည်နယ်ရှိ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့်စပ်လျဥ်းသည့် မြေပြင်အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်နေသော အကူအညီများ၊ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများအား ရှင်းလင်းတင်ပြဆွေးနွေးရာ တက်ရောက်လာသည့် အဖွဲ့ဝင်များက သုံးသပ် အကြံပြုချက်များ ပြောကြားခဲ့ကြပြီး ရှေ့လုပ်ငန်းစဥ်များအား ညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး (၂၂:၀၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
