Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ကရင်နီပြည်ဒီမိုကရက်တစ်ပါတီတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ကရင်နီပြည်ဒီမိုကရက်တစ်ပါတီတို့ တွေ့ဆုံဆွေးနွေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့၊ ၁၉၀၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ကရင်နီပြည်ဒီမိုကရက်တစ်ပါတီတို့သည် လက်ရှိနိုင်ငံရေး အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဥ်း၍ ကနဦးတွေ့ဆုံဆွေးနွေးမှုအဖြစ် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် အစည်းအဝေးတစ်ရပ် ကျင်းပပြုခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်က နှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ကရင်နီပြည်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ခူးသဲရယ်တို့က နှုတ်ခွန်းဆက်စကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့သည်။

၎င်းနောက် တက်ရောက်လာသူများက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ကရင်နီပြည်ဒီမိုကရက်တစ်ပါတီတို့အကြား လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့ဆက်၍ အပြန်အလှန်ပူးပေါင်းစီစဉ်ဆောင်ရွက်သွားသင့်သည့် လုပ်ငန်းစဉ်များအား ချစ်ခင်ရင်းနှီးစွာဖြင့် မျှဝေဆွေးနွေးခဲ့ကြကာ ကနဦးတွေ့ဆုံမှု အစည်းအဝေးအား ၂၁၀၀ နာရီတွင် ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ ကရင်နီပြည်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ၊ ခူးသဲရယ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
 
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top