Home / နိုင်ငံတကာဆက်ဆံရေးကဏ္ဍနှင့် ဆက်သွယ်ဆက်ဆံရေးကဏ္ဍတို့ တိုးမြှင့်လုပ်ဆောင်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး

နိုင်ငံတကာဆက်ဆံရေးကဏ္ဍနှင့် ဆက်သွယ်ဆက်ဆံရေးကဏ္ဍတို့ တိုးမြှင့်လုပ်ဆောင်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး

CRPH ၏ နိုင်ငံတကာဆက်ဆံရေးကဏ္ဍနှင့် ဆက်သွယ်ဆက်ဆံရေးကဏ္ဍတို့ တိုးမြှင့်လုပ်ဆောင်နိုင်ရေးနှင့် စပ်လျဉ်း၍ ၁၉-၁၁-၂၀၂၂ ရက်နေ့တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် ပြုလုပ်သည့် နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေး‌ခဲ့ကြသည်။

အစည်းအဝေး၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ သုံးလတာအတွင်း ဆက်လက်ဆောင်ရွက်သွားမည့် နိုင်ငံတကာလွှတ်တော်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု၊ ပူးပေါင်း‌ဆောင်ရွက်မှုနှင့် ဆက်သွယ်ဆက်ဆံရေးကဏ္ဍ တိုးမြှင့် လုပ်ဆောင်နိုင်ရေးအတွက် ဆက်လက် ‌ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဦးစားပေးကဏ္ဍများနှင့် မိတ်ဖက် အကူအညီပေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦး၊ ကော်မတီအဖွဲ့ဝင်များ၊ CRPH ၏ အကြံပေး ကျွမ်းကျင်သူ Ms. Janelle Saffin (ဩစ‌တြေးလျပါလီမန်အမတ်)နှင့် ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတကာဆက်ဆံရေးကော်မတီသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ သံတမန်ဆက်ဆံရေးကို တာဝန်ခံဆောင်ရွက်နေသည့် ကော်မတီတစ်ရပ်ဖြစ်ပြီး မြန်မာပြည်သူများအပေါ်၌ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များ၊ ရာဇဝတ်မှုများကို ကမ္ဘာ့လွှတ်တော်များ၊ လွှတ်တော်အဖွဲ့အစည်းများက ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ သက်ဆိုင်ရာ အစိုးရများသို့ တိုက်တွန်းခြင်းကဲ့သို့ အကူအညီများ ရရှိနိုင်ရေး နိုင်ငံတကာလွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါလီမန်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုလွှတ်‌တော်ကိုယ်စားပြုကော်မတီ

class=wp-image-2700/
class=wp-image-2701/
Scroll to Top