Home / ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေး အစီအစဉ်

ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေး အစီအစဉ်

ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေး 
အစီအစဉ်
၁၆-၃-၂၀၂၆ ရက် (တနင်္လာနေ့) ၊ နံနက် ၁၀:၀၀ နာရီ
 
၁။ ပြည်ထောင်စုလွှတ်တော် နာယက နေရာယူခြင်း။ 
 
၂။ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။ 
 
၃။ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ကြ သော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် (၁၀) စက္ကန့် ငြိမ်သက်ခြင်း။
 
၄။ ပြည်ထောင်စုလွှတ်တော် နာယက က အဖွင့်အမှာစကား ပြောကြားခြင်း။
 
၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က မိန့်ခွန်း ပြောကြား ခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
 
၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က မိန့်ခွန်း ပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
 
၇။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် (နောင်ချိုမဲဆန္ဒနယ်၊ ရှမ်းပြည်နယ်) က အမှတ်တရစကား ပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
 
၈။ လူ့အခွင့်အရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့ ASEAN Parliamentarians for Human Rights (APHR) ၏ ပူးတွဲဥက္ကဋ္ဌ Hon. Charles Santiago က အမှာစကား ပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
 
၉။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က နိုင်ငံတကာဆက်ဆံရေးနှင့် ကုလသမဂ္ဂဆိုင်ရာ သံတမန်ရေးရာ ဆောင်ရွက်ချက်များ အစီရင်ခံစာ တင်သွင်းခြင်း။
 
၁၀။ ဒေါ်ဖြူဖြူသင်း၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်၊ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ “အကြမ်းဖက် စစ်အုပ်စုက တရားမဝင် အလိမ်အညာရွေးကောက်ပွဲမှတစ်ဆင့် အတုအယောင် တရားမဝင် လွှတ်တော်ခေါ်ယူခြင်းနှင့် ယင်းလွှတ်တော်က ဖွဲ့စည်းမည့် မည်သည့် အဖွဲ့အစည်းကိုမဆို ပြည်ထောင်စုလွှတ်တော်က လုံးဝအသိအမှတ်မပြုကြောင်း ကြေညာပေးရန်” အဆိုကို တင်သွင်းခြင်းနှင့် အဆိုအား လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ သဘောထား ရယူခြင်း။
 
၁၁။ အဆိုနှင့်စပ်လျဉ်း၍ အောက်ပါ ကိုယ်စားလှယ်များက ဆွေးနွေးခြင်း –
 
(က) ဦးနေကျော်၊ မဲဆန္ဒနယ်အမှတ်(၆)၊ ရန်ကုန်ဖက်ဒရယ်ယူနစ်
( ခ ) ဦးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ်၊ မကွေးဖက်ဒရယ်ယူနစ်
( ဂ ) ဒေါ်သီရိရတနာ၊ မဲဆန္ဒနယ်အမှတ်(၁၁)၊ မွန်ပြည်နယ်
(ဃ) ဦးဝဏ္ဏ၊ အရာတော်မဲဆန္ဒနယ်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်
 
၁၂။ ဒေါ်ရှားမီး၊ ကလေးမဲဆန္ဒနယ်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ “နိုင်ငံတကာအစိုးရများ၊ နိုင်ငံ တကာ အဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းက ဆက်လက်ဖွဲ့စည်းမည့် တရားမဝင်အဖွဲ့အစည်းများအား ဆက်ဆံခြင်းမပြုဘဲ အမြန်ဆုံး အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်ပေးပြီး မြန်မာနိုင်ငံ၌ ထာဝရ တည်ငြိမ်အေးချမ်းရေးအတွက် တရားဝင်အစိုးရ ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများကိုသာ ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံး ပေါ်ပေါက်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခြင်းနှင့် အဆိုအား လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ သဘောထားရယူခြင်း။
 
၁၃။ အဆိုနှင့်စပ်လျဉ်း၍ အောက်ပါ ကိုယ်စားလှယ်များက ဆွေးနွေးခြင်း –
 
( က ) ဦးစည်သူအောင်၊ မဲဆန္ဒနယ်အမှတ်(၆)၊ ဧရာဝတီဖက်ဒရယ်ယူနစ်
( ခ ) ဒေါ်ဝေမာလွင်၊ ဘိုကလေးမဲဆန္ဒနယ်၊ ဧရာဝတီဖက်ဒရယ်ယူနစ်
( ဂ ) ဒေါ်နီနီဒွန်း၊ ပေါက်ခေါင်းမဲဆန္ဒနယ်၊ ပဲခူးဖက်ဒရယ်ယူနစ်
 
၁၄။ အဆိုနှင့်စပ်လျဉ်း၍ အဆိုရှင်များ၏ သဘောထားကို ရယူခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
 
၁၅။ ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်မူကြမ်းအား လွှတ်တော်သို့ ဖတ်ကြား တင်သွင်းခြင်း။ 
 
၁၆။ ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်မူကြမ်းအပေါ် လွှတ်တော်၏ သဘောထား ရယူခြင်းနှင့် အတည်ပြုကြောင်း ကြေညာခြင်း။
 
၁၇။ နဝမအကြိမ် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သော သဝဏ်လွှာများအား မှတ်တမ်းတင်ခြင်း။
 
၁၈။ ပြည်ထောင်စုလွှတ်တော် နာယက က နိဂုံးချုပ်အမှာစကားပြောကြားခြင်း။
 
၁၉။ ပြည်ထောင်စုလွှတ်တော်  နဝမအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာခြင်း။
Scroll to Top