Home / ပြည်သူ့ဝန်ထမ်း CDM များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအတွက် ထိုင်းနိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲမှုဥပဒေနှင့်စပ်လျဥ်းသည့် အသိပညာပေး သင်တန်းပို့ချ

ပြည်သူ့ဝန်ထမ်း CDM များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအတွက် ထိုင်းနိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲမှုဥပဒေနှင့်စပ်လျဥ်းသည့် အသိပညာပေး သင်တန်းပို့ချ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီသည် ထိုင်းနိုင်ငံရှိ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ဥပဒေဆိုင်ရာအဖွဲ့အစည်းနှင့်ပူးပေါင်း၍ ပြည်သူ့ဝန်ထမ်း CDM များနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအတွက် ထိုင်းနိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲမှုဥပဒေနှင့်စပ်လျဉ်းသည့် အသိပညာပေးသင်တန်းအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် (တနင်္လာနေ့)၊ နံနက် ၈:၃၀ မှ ၁၁:၃၀ နာရီအထိ  ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပို့ချဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့်သက်ဆိုင်သော စာရွက်စာတမ်းများ၊ ရွှေ့ပြောင်းအလုပ်သမားအုပ်စုတစ်စုစီအား အလုပ်ခန့်အပ်ရာတွင် အခွင့်အရေးနှင့် သတ်မှတ်ချက်များ၊ MOU အလုပ်သမားများနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ နယ်စပ်ဒေသအလုပ်သမား ဥပဒေပုဒ်မ ၆၄၊ ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ခွင့်အတွက် သိထားသင့်သော ကိစ္စရပ်များ၊ အလုပ်ဝင်၊ အလုပ်ထွက် အကြောင်းကြားခြင်းများနှင့် ထိုင်းနိုင်ငံက ချမှတ်ထားသော ဥပဒေကို ချိုးဖောက်ပါက ပြစ်ဒဏ်ကျခံရမည့်အချက်များကို ဆွေးနွေးပို့ချခဲ့သည်။

၎င်းနောက် တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များနှင့် သင်တန်းသားများက ပန်းရောင်ကတ်ပြုလုပ်သည့် လုပ်ငန်းစဉ်များ၊ ထိုင်းနိုင်ငံအတွင်း ကြုံတွေ့နေရသော အလုပ်သမားများ၏ အခက်အခဲများနှင့်စပ်လျဥ်း၍ သိရှိလိုသည်များ ဆွေးနွေးမေးမြန်းခဲ့သည်။ ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားများအတွက် အလုပ်လုပ်ကိုင်ရာတွင် အလုပ်သမားဥပဒေများအရ ရရှိမည့်အခွင့်အရေးများ၊ ဆောင်ရန် ရှောင်ရန်များ၊ နစ်နာဆုံးရှုံးမှုများ လျော့နည်းသွားစေရန် လုပ်ဆောင်သင့်သည့်ကိစ္စရပ်များအား ပိုမိုသိရှိလာနိုင်စေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခုသင်တန်းသို့ အလုပ်သမားရေးရာကော်မတီမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်း CDM များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top