
ကြေငြာချက် ( အမှတ် ၂ / ၂၀၂၁ )
ဖေဖော်ဝါရီလ (၂၄)ရက်၊ ၂၀၂၁ခုနှစ်။
နိုင်ငံတကာမှ ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ထားသည့် တရားမဝင်အာဏာသိမ်းစစ်အုပ်စု နှင့် တွေ့ဆုံခဲ့သည့် ထိုင်းနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတာဝန်ရှိသူများ၏ လုပ်ဆောင်ချက်အတွက် များစွာ စိတ်ပျက်ရကြောင်း မြန်မာပြည်သူလူထုကိုယ်စား ကျွန်ုပ်တို့မှ ထုတ်ပြန်ကြေငြာသည်။
အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးပြောဆိုချက်အရ CRPH နှင့်လည်း ဆက်သွယ်လိုသည့် ကိစ္စကို လမ်းဖွင့်ပေးထားပါသည်။ CRPH ( နိုင်ငံတကာဆက်ဆံရေး ) အနေဖြင့် နိုင်ငံတကာ အစိုးရများနှင့် ချိတ်ဆက်ပြီး ယင်းကိစ္စကို ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။
CRPH (နိုင်ငံတကာဆက်ဆံရေး)