Home / အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုကြောင်း နိုင်ငံတကာပါလီမန်များအဖွဲ့ ဆုံးဖြတ်ခဲ့

အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုကြောင်း နိုင်ငံတကာပါလီမန်များအဖွဲ့ ဆုံးဖြတ်ခဲ့

“လွန်ခဲ့သည့် ညီလာခံနောက်ပိုင်း မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် တိုးတက်မှုမရှိသည်ကို ဝမ်းနည်းစွာ မှတ်သားရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အချို့အား သေဒဏ်ပေးမှုကြောင့် အခြေအနေသည် ပိုမိုဆိုးဝါးခဲ့ပြီး ဖြစ်ပါကြောင်း၊ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ကျင်းပမည်ဟု ကြေညာထားပါကြောင်း၊ ထို့ကြောင့် မြန်မာရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် အတူရပ်တည်သည့်အနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုရန် အမှုဆောင်ကော်မတီက ဆုံးဖြတ်ပါကြောင်း” ဖြင့်  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပခဲ့သည့် (၁၄၅) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံ၌ (၂၁၀) ကြိမ်မြောက် အမှုဆောင်ကော်မတီအစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် (၁၄၃) ကြိမ်မြောက် ညီလာခံ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား လွှတ်တော်တစ်ရပ် ပီပီပြင်ပြင် ပေါ်ပေါက်သည်အထိ IPU ၏ တရားဝင်မိတ်ဖက်ဆွေးနွေးဖက်အဖြစ် IPU အစည်းအဝေးများတွင် မဲပေးခွင့်မရှိသော လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။


ပိုမိုဖတ်ရှုရန် >>>>>
https://www.ipu.org/file/15800/download

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top