Home / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ်(၁၄)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ်(၁၄)

ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆   ရက်

၁။        ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ကော်မတီ၏ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရေးရာကော်မတီ (၉) ခုအား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

၂။        လက်ရှိတော်လှန်ရေးကာလနှင့် တော်လှန်ရေးကာလအလွန်တွင် ပညာရေး၊ အလုပ်သမား၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်အရေးကိစ္စတို့အား သက်ဆိုင်ရာကဏ္ဍအလိုက် ပိုမိုထိရောက် စွာ ပံ့ပိုးကူညီသွားနိုင်ရန်  (၂.၉.၂၀၂၂) ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ အောက်ပါ ရေးရာကော်မတီ (၃) ခုအား ထပ်မံတိုးချဲ့၍ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်−

(က)      ပညာရေးကော်မတီ

(ခ)        အလုပ်သမားရေးရာကော်မတီ

(ဂ)       အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီ

၃။        ကော်မတီများသည် ယင်းတို့၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top