Home / EP Vice President called EU and ASEAN to clearly and unequivocally take a stance on the Myanmar junta’s planned election in August 2023 and to continue EU’s support to the Democratic Forces in Myanmar

EP Vice President called EU and ASEAN to clearly and unequivocally take a stance on the Myanmar junta’s planned election in August 2023 and to continue EU’s support to the Democratic Forces in Myanmar

Vice President Heidi Hautula of European Parliament called EU and ASEAN to clearly and unequivocally take a stance on the Myanmar junta’s electoral exercise planned for August 2023 and EU’s support of capacity building development to the Democratic Forces in Myanmar during parliamentary debate on 14 December. She defined that forces are National Unity Government, the National Unity Coordination Council and the Ethnic Resistance Organizations for required knowledge, skills and resources for governance and administrative sectors.

Vice President Heidi Hautula also added “The devastating situation in Myanmar after military coup of 1 Feb 2021 must be an important topic in the summit tomorrow. Regarding military junta\’s election, she pointed out They call it, election but it is not an election. It cannot be called a such.

She welcomed the call by the recent ASEAN\’s November Summit to international community to work together to solve Myanmar\’s conflict and urged to make real a genuine federalist and inclusive democracy for Myanmar in the future.

The Committee Representing Pyidaungsu Hluttaw of democratically elected parliamentarians from 2020 general election which represents the people of Myanmar highly appreciates the support and solidarity of European Parliament.

Source: European Parliament in ASEAN
https://twitter.com/EPinASEAN/status/1603039642613211137?t=H1J_01zjnIaR_7IOWbO94A&s=19


The Committee Representing Pyidaungsu Hluttaw

=================================================================

အီးယူနှင့် အာဆီယံအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပရန် စီစဉ်ထားသည့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် ရပ်တည်ချက် ရှင်းရှင်းလင်းလင်းဖြစ်ရန်နှင့် မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများကို ဆက်လက်ကူညီရန် လိုအပ်ကြောင်း ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ ပြောကြား

အီးယူအနေဖြင့် NUG၊ NUCC နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကဲ့သို့ မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများကို စွမ်းရည်မြှင့်တင်ရေးဖွံ့ဖြိုးမှုအကူအညီများအား ဆက်လက်ကူညီ‌ပေးရန် ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ Ms. Heidi Hautala က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အုပ်ချုပ်ရေးကဏ္ဍအား ပီပီပြင်ပြင် ဖော်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် ဗဟုသုတ၊ စွမ်းရည်နှင့် အရင်းအမြစ်များကို ကူညီပေးရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် အီးယူနှင့် အာဆီယံအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပရန် စီစဉ်ထားသည့် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအပေါ် ရပ်တည်ချက် ရှင်းရှင်းလင်းလင်းဖြစ်ရမည် ဖြစ်ပါကြောင်း၊ အာဏာသိမ်းစစ်တပ်သည် ရွေးကောက်ပွဲဟု ပြောသော်လည်း ယင်းကိုရွေးကောက်ပွဲဟု မခေါ်ဆိုနိုင်ပါကြောင်း၊ ဖနွမ်းပင်တွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးမှ နိုင်ငံတကာအား မြန်မာနိုင်ငံ၏ ပဋိပက္ခကို အတူတကွဖြေရှင်းကြရန် တောင်းဆိုမှုကိုလည်း ကြိုဆိုပါကြောင်း၊ နောက်နှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် အင်ဒိုနီးရှားသည် အဓိက‌ကဏ္ဍတွင် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ်စနစ်နှင့် အားလုံးပါဝင်သည့် ဒီမိုကရေစီရရှိရေး မိမိတို့ လုပ်ဆောင်‌ပေးရန် လိုအပ်ပါကြောင်း” ဖြင့် ပြောကြားခဲ့သည်။

မြန်မာပြည်သူများကို ကိုယ်စားပြုသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် CRPH အနေဖြင့် ဥရောပပါလီမန်၏ ပံ့ပိုးကူညီမှုနှင့် အတူတကွရပ်တည်ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။

Sources: European Parliament in ASEAN
https://twitter.com/EPinASEAN/status/1603039642613211137?t=ry6UPXmyOYxWiE2qImdu4A&s=19


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

European Parliament Vice President called for Military Junta\’s Sham Election
Scroll to Top