Home / “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ” ပြဋ္ဌာန်း

“စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ” ပြဋ္ဌာန်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက အောက်ပါရည်ရွယ်ချက်များဖြင့် ပေးပို့လာသော “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ” အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်သည် –

(က) ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ပြည်သူလူထု၏ ဆန္ဒကို အကောင်အထည်ဖော်ရန်၊

(ခ) အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဖြစ်မြောက်စေရန် လုပ်ဆောင်မှုများအား တားဆီးရန်နှင့် ပါဝင်ကူညီဆောင်ရွက်သူများကို အရေးယူနိုင်ရန်၊

(ဂ) ပြည်သူလူထု၏ ဆန္ဒကို အကောင်အထည်ဖော်ခြင်းဖြင့် စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top